နျူကလီးယားကင်းတဲ့ ကမ္ဘာကြီးဖြစ်အောင် အားထုတ်ကြရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ပုပ်ရဟန်းမင်းကြီး Francis သည် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် လုပ်ဆောင်ကြဖို့ ၊ နျူကလီးယား ကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်အောင် အားထုတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ယခုလိုပြောကြားရခြင်းသည် အဓိကအားဖြစ် အားနည်းသူတွေနဲ့ ချို့တဲ့သူတွေအတွက် လုပ်ဆောင်ပေးဖို့ ပြောကြားခြင်းဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက သူ၏ အိမ်တော်ကနေ St.Peter’s ရင်ပြင်မှ ပရိတ်သတ်ကြီးကို ပြောကြားခဲ့တာလဲဖြစ်ပါတယ်။

နျူကလီးယားလက်နက် တားမြစ်ရေးဆိုင်ရာ သဘောတူညီချက်ချနိုင်ရေးအတွက် စည်းရုံးလုပ်ဆောင်နေသော ICAN နိုင်ငံတကာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အဖွဲ့ကို ကုလသမဂ္ဂက ယခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်တဲ့ တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီးက ယခုလိုတိုက်တွန်းလိုက်ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

ပုပ်ရဟန်းမင်းကြီးက ယခုဖြစ်ပွားနေသော အမေရိကန်နိုင်ငံနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံအကြားတင်းမာမှုတွေကြောင့် နျူကလီးယားလက်နက်ရဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးများ ၊ စာနာမှုဆိုင်ရာ ဘေးများ စတဲ့ ဘေးဒုက္ခဆိုင်ရာ အန္တရာယ်တွေနဲ့ အမေရိကန်နဲ့မြောက်ကိုးရီးယား နှစ်နိုင်ငံကြား အငြင်းပွားမှုများကို တတိယနိုင်ငံ တစ်ခုက ကြားကနေ ဝင်ပြီးဆောင်ရွက်ပေးဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *