နျူကလီးယားလက်နက် ခလုတ်ဟာ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအမ်၏ စားပွဲပေါ်တွင် ရှိနေကြောင်း ၂၀၁၈ နှစ်သစ်ကူးစကားအဖြစ် ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ နှစ်သစ်ကူးစကား နယူးကလီးယားခလုတ်ဟာ သူ့စားပွဲပေါ်မှာအမြဲရှိပါတယ်တဲ့ဗျာ…
ကမ္ဘာတစ်ဝန်းမှာနိုင်ငံ့ခေါင်းဆောင်တွေ၊ထင်ပေါ်ကျော်ကြားပြီး သြဇာတက္ကိမရှိသူတွေဟာ ၂၀၁၈ ခုနှစ်အတွက် နှူတ်ခွန်းစကားတွေနဲ့ နှူတ်ခွန်းဆက်သနေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကတော့  “ ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုမြတ်နိုးပြီး တာဝန်သိတဲ့ နယူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုပါ။ ကျွန်တော်တို့ကို ရန်မမူသမျှတော့ ကျွန်တော်တို့က နယူးကလီးယားလက်နက်ကိုသုံးဖို့မရည်ရွယ်ပါဘူး။ အမေရိကန်က ကျွန်တော်တော်တို့ကိုစစ်ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အမေရိကန် နိုင်ငံလုံးက ကျွန်တော်တို့ ရဲ့ နယူးလက်နက်တွေ လွှမ်းခြုံပစ်ခတ်နိုင်တဲ့ အကွာအဝေးအတွင်းမှာရှိနေသလို ပစ်လွှတ်ဖို့ခလုတ်ကလည်း ကျွန်တော့ စားပွဲပေါ်မှာ အမြဲရှိပါတယ်။ ဒါဟာ ခြိမ်းခြောက်တာမဟုတ်ဘူး၊ တကယ်အမှန်အကန်ပဲဆိုတာ သေချာသတိပြုသင့်တယ်” လို့ နှစ်ကူးနှုတ်ခွန်းဆက်စကားအဖြစ်  ‘ဒီနေ့ထုတ် CNN သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
အမေရိကန် ကြည်း၊ရေ၊လေ တပ်ပေါင်းစု အကြီးအကဲဟောင်းဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလင်း( Adm. Mike Mullen)ကလည်း Sunday သတင်းဋ္ဌာနနဲ့တွေ့ဆုံရာမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နယူးကလီးယားစစ်ပွဲက အရင်ကထက်ပိုမိုနီးကပ်လာပြီလို့ ဆိုပြန်ပါတယ်။ ဒီတစ်ပတ်အတွင်း ABC သတင်းဋ္ဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း မူလင်းက ထရန့်အနေနဲ့ ရန်စတဲ့စကားတွေမပြောဖို့နဲ့ ဒီစကားတွေကြောင့် ကင်ဂျူံအမ်က ပိုရန်လိုလာပြီး တန်ပြန်ပြောဆိုရင်း နယူကလီယားစစ်ပွဲဆီကို ချက်ချင်းဦးတည်သွားနိုင်တယ်လို့ သတိပေးခဲ့တယ်လို့ဆိုပါတယ်။
ကဲဒါတွေကို သုံးသပ်ပြီး ၂၀၁၈ ခုနှစ်ဟာ ငြိမ်းချမ်းသာယာတဲ့နှစ်တစ်နှစ်မှ ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိပြန်ပါတယ်။ လူဆိုတာကလည်း အတ္တသတ္တဝါဆိုတော့ မတော်လို့ စိတ်လိုက်မာန်ပါ စားပွဲပေါ်က ခလုတ်ကလေးများ နှိပ်လိုက်မိလို့ကတော့ လူသားတွေအင်မတန်မုန်းတဲ့ တတိယကမ္ဘာစစ်ကြီးဖြစ်လာမှာမလွဲပါဘူး။ ဒါကြောင့် ခုနေခါ အလိုချင်ဆုံးနှစ်သစ်ဆုမွန်တစ်ခုကတော့ ကမ္ဘာ ကြီးငြိမ်းချမ်းပါစေ။လောကလူသားတွေ အေးငြိမ်းသာယာပြီးလိုချင်တာတွေကို ရယူအကောင်အထည်ဖေါ်နိုင်ကြပါစေ ဆိုတဲ့ဆုမွန်ပဲဖြစ်ပါတယ်။ သားအဖအရွယ်ရှိကြတဲ့ ထရန့်နဲ့ ကင်တို့  နှစ်ယောက်လည်း အချင်းချင်း  မေတ္တာထားပြီးလူသားကောင်းကျိုးကိုအလေးဂရုပြုနိုင်ကြပါစေ။

Leave a comment

Your email address will not be published. Required fields are marked *