မြောက်ကိုရီးယားမှ ဝင်ရိုးကိုးခုပါဝင်တဲ့ တာယာကို တည်ထွင်အောင်မြင်

ကင်ဂျုံအန်းက တာယာထုတ်တဲ့ စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး တိုက်တစ်ခုနှင့်တစ်ခုအကြား ကြီးမားတဲ့ ဒုံးကျည်တင်ဆောင်နိုင်ရန် ထရပ်ကားအကြီးစားတွေအတွက် တာယာထုတ်ပေးတဲ့စက်ရုံက အလုပ်သမားတွေကို ကျေးဇူးတင်စကားဆိုပါတယ်။

ဒီလိုလာရောက်လည်ပတ်တာဟာ ပြည်သူလူထုတွေက ဟောဆောင် ၁၅၁ CBM ထုတ်လုပ်တာပြီးစီးတဲ့အထိမ်းအမှတ်အနေနဲ့ မီးရှူးမီးပန်းတွေနဲ့အောင်ပွဲခံပြီးတဲ့အချိန်မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

မြို့တော်မှာ ရှိတဲ့ အမန်နိုခါအန်း တာယာ စက်ရုံမှာ နိုင်ငံခြားက ကုန်ပစ္စည်းတင်သွင်းမှုမရှိပဲနဲ့ ဒုံးကျည်တင်ဆောင်နိုင်ဖို့အတွက် ကုန်ကားတွေမှာသုံးမယ့် ဝင်ရိုးကိုးခုရှိတဲ့ တာယာကို ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ကင်မ်ဂျုံအန်းက အလုပ်သမားတွေကို ချီးကျူးခဲ့ပါတယ်။

“သူကနောက်ထပ်လည်း ကုန်ထုတ်စွမ်းအားတွေကို မြှင့်တင်နိုင်ရန်ပြောကြားခဲ့ပြီး နိုင်ငံရဲ့စီးပွားရေးကို မြှင့်တင်ရန်နှင့်် နိုင်ငံတော်ရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်တွေ အားကောင်သွားအောင်လုပ်ဆောင်ကြရန်ပြောကြားခဲ့တယ်လို့” မြောက်ကိုးရီးယားတရားဝင် ဗဟိုသတင်းအေဂျင်စီကပြောပါတယ်။

“နိုဝင်ဘာလတုန်းက တာယာစက်ရုံအတွက် ကြီးကျယ်ခမ်းနားတဲ့ပွဲလုပ်ဖို့ တာဝန်ပေးအပ်ခဲ့တယ်လို့လည်း” အေဂျင်စီကထပ်လောင်းပြောကြားပါတယ်။

မြောက်ကိုးရီးယား ဒုံးကျည် အမျိုးအစား သက်တမ်းတစ်လျှောက်မှာ ဟောဆောင် ၁၅၁ ဒုံးကျည်ဟာ မှတ်တမ်းအားလုံးထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးဒုံးကျည်အနေဖြင့့် ရောက်ရှိခဲ့တယ်လို့ သူတို့အနေနဲ့ ယုံကြည်ပါတယ်။

၎င်းဟာ မိုင် ၆၀၀ ကျော်ဝေးတဲ့ ဂျပန်မြို့အနားက ပင်လယ်ထဲထိ ပစ်လွှတ်နိုင်ပြီး ဝေးနိုင်သမျှဝေးနိုင်ဆုံး မိုင်ပေါင်း ၈၁၀၀ (၁၃၀၀၀ ကီလိုမီတာ)  အထိပစ်လွှတ်နိုင်တာဖြစ်တဲ့အတွက် ဝါရှင်တန်မြို့ထိ ဒုံးကျည်ပစ်လွှတ်နိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *