နွားနို့ နေ့စဉ်သောက်မယ်ဆိုရင် ဒါတွေကို သိထားပါ

နွားနို့ လို့ အသံကြားလိုက်တာနဲ့ လူအများစုက ကျန်းမာရေးနဲ့ ကယ်လဆီယမ်ဆိုတာကို ပြေးမြင်မိ ကြမှာ မလွဲပါဘူး။ သုတေသန တွေ့ရှိချက်တွေကတဆင့် နွားနို့ဟာ ကယ်လဆီယမ်ကြွယ်ဝတာကြောင့် အရိုးနဲ့သွား ကျန်းမာရေးကို အ ထောက်အကူပြုတာကို အစဉ်အလာသိရှိနားလည်ခဲ့ကြပါတယ်။ တစ်ချို့င်ငံတွေဆိုရင် ကျောင်းနေအရွယ်ကလေးတွေ ကြီး ထွားဖို့အတွက် နွားနို့ပုံမှန်တိုက်တာတွေကို လေ့လာတွေ့ရှိရပါတယ်။ နွားနို့ဟာ အထက်မှာတင်ပြခဲ့သလို ကျန်းမာ ရေးအတွက် အထောက်အကူပေးနိုင်ပေမယ့် နေ့စဉ်သောက်သုံးမယ်ဆိုရင်တော့ သင်ဒါတွေကို သိထားဖို့ လိုပါတယ်။

ကောင်းကျိုးဘာတွေရနိုင်မလဲ
(၁) ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးနိုင်တယ်။
ဟုတ်ပါတယ်။သွေးထဲက ဗီတာမင်ဒီဟာ အဆီကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်လျော့ကျမှုနဲ့ ဆက်နွယ်နေ တယ် လို့ သုတေသနတွေက ဆိုပါတယ်။နွားနို့မှာပါတဲ့ ကယ်လဆီယမ်ကြောင့် သွေးထဲမှာ ဗီတာမင်ဒီပါဝင်မှု မြင့်တက်လာ နိုင်တဲ့ အတွက် ကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်လို့ ၂၀၁၀မှာတွေ့ရှိတဲ့ လေ့လာမှုတစ်ခုကဆိုပါတယ်။
(၂) ပရိုတိန်းကြွယ်ဝတဲ့ အတွက် ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကို ရစေတယ်။
(၃) ကယ်လိုရီနည်းနည်းနဲ့ အာဟာရပြည့်ဝစေတယ်။
ပရိုတိန်းကြွယ်ဝတဲ့ အတွက် ကယ်လိုရီနည်းနည်းနဲ့ အာဟာဖြစ်စေပါတယ်။ နွားနို့ တစ်ခွက်ကြောင့် ကယ်လဆီယမ်အပြင် ပိုတက်ဆီယမ်၊အိုင်အိုဒင်း၊ဖေါ့စဖေါ့ရပ်၊ဗီတာမင် ဘီ ၁၂ နဲ့ ဘီ၂ တို့ကိုရစေနိုင်ပါတယ်။
(၄) ကြွက်သားကြီးထွားမှုနဲ့ ရေရှည်ခံမှုအတွက် အထောက်အကူဖြစ်စေပါတယ်။
နွားနို့မှာ ကြွက်သားကြီးထွားဖို့နဲ့ ကြွက်သားအလှအပတွေ ရေရှည်ခံဖို့ အဓိကကျတဲ့ အမိုင်နိုအက်စစ်တွေ အပြည့်အဝ ပါဝင်တဲ့ အတွက် ကိုယ်ခန္ဓာအလှအပတည်ဆေက်သူတွေအတွက် အထောက်အကူပေးနိုင်ပါတယ်။
(၅) ကယ်လဆီယမ်လိုအပ်မှုကို ဖြည့်ပေးနိုင်တယ်။
(၆) အရွယ်ကိုနုပျိုစေတယ်။
နွားနို့မှာ အဓိကပါဝင်တဲ့ ကယ်လဆီယမ်နဲ့ ဗီတာမင် ဒီက အရိုးနဲ့ ကြွက်သားတွေကို တောင့်တင်းခိုင်မာစေတဲ့ အတွက် အသက်ကြီးပိုင်းမှ အရွယ်ကျမှု မြန်ဆန်တာကို လျော့နည်းစေပါတယ်။
(ရ)ရောဂါဘယတွေကိုကာကွယ်ပေးရာမှာအထောက်အကူပေးပါတယ်။

ဆိုးကျိုးတွေကိုလည်း သိထားပါ။
(၁) နွားနို့ကို နေ့တိုင်းသောက်ရင် တစ်ချို့လူတွေမှာ ရောင်ရမ်းတာတွေဖြစ်တတ်ပြီး ဝက်ခြံတွေထွက်တတ်ပါတယ်။ မျက် နှာမှာ ဝက်ခြံရှိသူတွေ နွားနို့ကို လျှော့သောက်သင့်ပါတယ်။
(၂) နို့နဲ့ နို့ထွက်ပစ္စည်းတွေက တစ်ချို့လူတွေကို ဗိုက်ပွတာ၊ဗိုက်ပြည့်တာတွေဖြစ်တတ်ပါတယ်။
(၃) ဗိုက်နာတာ၊အစာမကြေဖြစ်တာတွေလည်း ဖြစ်တတ်ပါတယ်။
(၄) ကယ်လဆီယမ်နဲ့ မဂ္ဂနီဆီယမ်အချိုး မမျှဖြစ်တတ်ပါတယ်။
လူ့ရဲ့အရိုးတွေဟာ ကယ်လဆီယမ်နဲ့အတူ သူ့ရဲ့ မိတ်ဖက်ဖြစ်တဲ့ မဂ္ဂနီဆီယမ်တို့ ပေါင်းစပ်ဖွဲ့စည်းနေတာဖြစ်ပါတယ်။ နွား နို့ကို နေ့စဉ်သောက်တဲ့သူတွေက ကယ်လစီယမ်ရရှိပေမယ့် သူ့တွဲဖက် မဂ္ဂနီဆီယမ်မရဘူးဆိုရင် ဒီနှစ်ခု အချိုးမမျှ ဖြစ်လာတတ်ပြီးအရိုးရဲ့ကြံ့ခိုင်မှုကိုလျော့နည်းကျဆင်းလာစေပါတယ်။
(၅) နွားနို့နဲ့ ပတ်သက်ပြီး နောက်ဆုံးသတိပြုရမယ့် အချက်ကတော့ သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဗြိတိန်ဆေးပညာဂျာနယ်မှာ တစ်နေ့ နွားနို့ ၂ခွက်ကနေ ၃ခွက်အထိသောက်တဲ့ အမျိုးသားတွေဟာ ကင်ဆာဖြစ်နိုင်ချေ ကို ၄၄%တိုးစေတယ်လို့ ဆိုပါတယ်။အမျိုးသမီးတွေကတော့ တစ်နေ့ ၂ ခွက် အထက်သောက်မယ်ဆိုရင် သားအိမ် ကင် ဆာ ဖြစ်နိုင်ချေ ၂ ဆ အထိရှိတယ်လို့ ဆိုပါတယ်။ တစ်ချို့လေ့လာတွေ့ရှိချက်တွေက ဒါတွေနဲ့ ဆန့်ကျင်ဖက်တွေရှိ တဲ့ အတွက် ဒီအချက်ကိုတော့ ကိုယ်တိုင်ဘဲ ဆုံးဖြတ်ရမယ်ထင်ပါတယ်။
ကဲ၊နွားနို့ဟာ ကျန်းမာရေးအတွက် အာဟာပြည့်တယ်ဆိုပေမယ့် သတိပြုစရာလေးတွေရှိတယ်ဆိုတာကို မျှဝေတင်ပြ ပေးခြင်းဖြစ်ပါတယ်။ ကျန်းမာကြပါစေ။

Source:FoodPrevent

Leave a comment

Your email address will not be published. Required fields are marked *