နွေရာသီမှာ မဖြစ်မနေစားရမယ့် ခရမ်းချဉ်သီးသုပ်

ခရမ်းချဉ်သီးက ရပ်ကွက်ဈေးတွေထဲမှာ ရာသီမရွေးဝယ်လို့ရနိုင်တဲ့ အပေါဆုံးအသီးအနှံတစ်ခု ဖြစ်ပါ တယ်။ ရာသီ အလိုက်တစ်ပိသာကို ၅၀၀ ကျပ်အထိရှိတတ်ပါတယ်။ မြန်မာတွေက ခရမ်းသီးကို ဘဲဥ၊ကြက်ဥ၊ငါး စတာတွေနဲ့ ရော ချက်စားတတ်ကြသလို အသုပ်အနေနဲ့လည်း စားတတ်ကြပါသေးတယ်။ လ္ဘက်သုပ်ပြီဆိုရင်တော့ မပါမပြီးပေါ့။ ခရမ်း ချဉ်သီးဟာ ရာသီမရွေးရနိုင်ပေမယ့် အခုလို ပူပြင်းတဲ့ နွေကာလကတော့ မဖြစ်မနေစားသုံးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။
ခရမ်းချဉ်သီးသုပ်တစ်ခွက် သုပ်တော့မယ်ဆိုရင် ကြက်သွန်နီ၊ငရုတ်သီးစိမ်း၊ဂေါ်ဖီရွက်အနည်း ငယ်၊ မီးကင်ထားတဲ့ စိမ်းစား မျှင်ငပိအနည်းငယ်၊နံနံကြိုက်ရင်နံနံပင်အနည်းငယ်နဲ့ ဆားအနည်းငယ် ဆိုရင်ရပါပြီ။ ခရမ်းချဉ်သီးက အော်ဂဲ နစ်ဆိုရင် တော့ အတိုင်းထက်အလွန်ပေါ့။ အော်ဂဲနစ်မဟုတ် ရင်တော့ ဓါတုမြေသြဇာတွေပါနိုင်တာမို့ ရေစင်အောင်ဆေးပြီး ဓါးနဲ့ မထူမပါးနွှာလိုက်ပါ။ဂေါ်ဖီရွက် သုံးပုံတစ်ပုံလောက်နဲ့ ကြက်သွန်နီ အနေတော်လောက်ကို ဓါးနဲ့ပါးပါးလှီးပါ။ ငရုတ်သီး စိမ်းနဲ့ စိမ်းစားငပိဖုတ်က ခံတွင်းမြိန်စေဖို့ ဖြစ်ပါတယ်။ငရုတ်နဲ့ဆားကို လိုသလိုထည့်ပြီး သုပ်လိုက်ပါ။ ကြက်သွန်နံ့လေး သင်းနေတဲ့ စားချင်စဖွယ် ခရမ်းချဉ်သီးသုပ်တစ်ခွက်ကို ရလာပါလိမ့်မယ်။ နွေနဲ့ အလိုက်ဖက်ဆုံးဟင်းတစ်ခွက်ဆိုရင် မမှားပါဘူး။
ခရမ်းချဉ်သီးမှာ ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရတွေပါဝင်နေတာက သဘာဝရဲ့ လက် ဆောင်တစ်ခု ဖြစ်ပါတယ်။ ဗီတာမင်အေ၊ဗီတာမင်ကေ၊ဗီတာမင်စီ၊ဗီတာမင်B6၊ဖေါ့လစ် နဲ့ သိုင်ယာမင်တွေ ပါဝင်ပါတယ်။ သတ္တုဓါတ် တွေအနေနဲ့ကတော့ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မင်း ဂနီးစ်၊ဖေါ့စဖေါ့ရပ်၊ကော့ပါး နဲ့သံဓါတ်တွေ ပါဝင်ပါတယ်။ အမျှင် ဓါတ်လည်း ပေါများစွာ ပါဝင်ပါ တယ်။ဒါကြောင့်ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း အံ့မခန်းပါပဲ။ အဲဒါ တွေကတော့၊
(၁) ဟာဗာ့ဒ်ပြည်သူ့ကျန်းမာရေးကျောင်းရဲ့ ထုတ်ပြန်ချက်အရ ခရမ်းချဉ်သီးမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ လိုင်ကိုပင်း ကြွယ်ဝစွာပါဝင်ပါတဲ့အတွက် ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါ တယ်။
(၂) နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီရဲ့ ၄၀%ကို ဖြည့်ပေးနိုင်ပါတယ်။သွေးကြောပိတ်တာတွေကို ကာကွယ် ပေးနိုင်တယ်။
(၃) နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။
(၄) ဆေးလိပ်မှာပါဝင်တဲ့ ကာစီနိုဂျင်ကို ဆန့်ကျင်နိုင်တဲ့အတွက် ဆေးလိပ်ကြောင့်ဖြစ်တတ်တဲ့ အဆုပ် ကင်ဆာကို လျော့နည်းစေတယ်။
(၅) အမြင်အာရုံကို ကောင်းစေတယ်။
(၆) သွေးတိုးကို ကျစေတယ်။
(၇)Type2 ဆီးချိုသမားတွေ နေ့စဉ်စားရင် ဓါတ်တိုးခြင်းကြောင့်ဖြစ်တဲ့ ဖိအားကိုလျော့စေတယ်။
(၈) အရေပြားကိုလှပစေပြီး အရွယ်တင်စေတယ်။
(၉) ဆီးလမ်းကြောင်းပိုးဝင်တာတွေကို ကာကွယ်ပေးတယ်။
(၁၀) သဲခြေအိတ်ကျောက်တည်ခြင်းက ကာကွယ်ပေးနိုင်တယ်။
(၁၁) အစာချေဖျက်မှုကို အထောက်အကူပြုပါတယ်။
ဒီလောက်တန်ဖိုးရှိတာကို ငွေ ၅၀၀ ကျပ်နဲ့ ဝယ်ယူလို့ရတာဟာ အင်မတန်ကံကောင်းတယ်လို့ ဆိုရမှာပါ။ မိမိကျန်းမာရေးကို အစားအသောက်တွေနဲ့ ချိန်ညှိပြုပြင်ထိန်းသိမ်းလိုသူတွေအတွက်တော့ အင်မတန် ကောင်းပါတယ်။ ဒီလို နွေမှာတော့ အကောင်းဆုံးလို့ဆိုပါရစေ။

Leave a comment

Your email address will not be published. Required fields are marked *