နွေရာသီအတွက် ဘာတွေပြင်ဆင်ထားသင့်သလဲ?

မကြာမီအချိန်မှာ ပူပြင်းလှတဲ့ နွေရာသီကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ယနေ့ခေတ်ကမ္ဘာ့ကြီးဟာ တစ်ဖြည်းဖြည်းပူနွေးလာမှုကြောင့် နွေရာသီဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးပူပြင်းလို့လာနေပါတယ်။ ဒီလိုပူပြင်းတဲ့ နွေရာသီကို ဖြတ်ကျော်နိုင်ဖို့အတွက် နွေရာသီမှာ ဘယ်လိုအရာတွေကို ရှောင် ဘယ်လိုအရာတွေကို ဆောင် သင့်သလဲ ဆိုတာကို ဗဟုသုတ အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်။

(၁) ရေများများသောက်ပေးပါ

နွေရာသီမှာ ရေဓာတ်ကုန်ခမ်းမှုပိုများပါတယ်။ ရေဓာတ်ကုန်ခမ်းမှုကို ပြန်လည် မဖြည့်နိုင်ပါက အားအင်တွေကုန်ခမ်းပြီး မူးဝေခြင်း၊ အသားအရေတွေ မွဲခြောက်ခြင်း စတဲ့ ကျန်းမားရေး ပြဿနာတွေကို ရင်ဆိုင်လာရမှာဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ပုံမှာ ရေသောက်နေတဲ့ နှုန်းထက်ပိုတိုးပြီး သောက်သုံးပေးသင့်ပါတယ်။

(၂) တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့

နွေရာသီမှာ ထိတွေ့ခံစားရတဲ့ နေရဲ့အပူရှိန်ဟာ တခြားသောရာသီက နေတွေထက်ကို ပိုပြီး ပူးပြင်းပါတယ်။ တကယ်လို့ မဖြစ်မနေထွက်ရမယ်ဆိုပါကလည်း UV Ray (ခရမ်းလွန်ရောင်ချည်)ကို ကာကွယ်နိုင်မယ့် အဝတ်အစားမျိုး ဝတ်ဆင်သွားဖို့လိုပါမယ်။ အင်္ကျီဝတ်ရာမှာလည်း ရင့်သော အရောင်ထက် အရောင်အနှများကို ရွယ်ချယ်ပြီး ဝတ်ဆင်ဖို့လိုအပ်ပါတယ်။ ပြီးတော့ ဦးထုပ်စောင်းပါ၊ မျက်လုံးကို ကာကွယ်နိုင်ဖို့ရန် နေကာမျက်မှန်တက်ပါ။ ဒီလိုကာကွယ်မှုတွေ လုပ်ဆောင်ပြီးမှ အပြင်ထွက်သင့်ပါတယ်။

(၃) အသီးအနှံများများစားသုံးပေးပါ

ဒီလိုပူပြင်းတဲ့နွေရာသီမှာ စားနေကျ သရေစာတွေအစား အသီးအနှံတွေကို စာပေးပါ။ ဖရဲသီး၊ ကျွဲကော်သီ၊ လိမ္မော်သီး တို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးမျိုးကို စားသုံးပေးသင့်ပါတယ်။ ဒီလိုပါမှ သင့်ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ရေဓာတ်ကို တစ်ဖက် တစ်လမ်းကနေ ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် နွေချို၊ မိုးခါး၊ ဆောင်းချဉ် ဆိုသကဲ့သို့ နွေရာသီမှာ ချိုတဲ့အရာများကို ရွေးချယ်ပြီး စားသုံးပေးပါ။ ဒီလိုမှသာ ကျန်းမာရေးသုခ အပြည့်အဝဖြင့် နွေရာသီကို ကျော်လွှာနိုင်မှာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံး ကျန်းမာခြင်း သုခနဲ့ ပြည့်စုံနိုင်ကြပါစေ။

Leave a comment

Your email address will not be published. Required fields are marked *