နှစ်သစ်ကူးမှာ တရုတ်ပြည်က လက်လုပ်လက်စား အလုပ်သမားများဟာ ဆိုင်ကယ်နဲ့မောင်းပြီး အိမ်ပြန်ကြပါတယ်

တရုတ်နှစ်သစ်ကူးမှာ တရုတ်ပြည်က လုပ်သားအားလုံးဟာ ပိတ်ရက်ရှည်ရတာကြောင့် အိမ်ပြန်ကြပါတယ်။ အဲ့လိုအိမ်ပြန်ကြတဲ့အခါ အလုပ်သမားတော်တော်များများဟာ ဆိုင်ကယ်ကို မောင်းနှင်ပြီး ခရီးဝေးဝေးနှင်ကြရပါတယ်။ ဒီလို ဆိုင်ကယ်နဲ့ ပြန်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားပြီး တစ်နှစ်တာ ပင်ပန်းခဲ့သမျှကို စိတ်အပန်းဖြေကြပါတယ်။

Yang Ricai လို့အမည်ရတဲ့ အသက်သုံးဆယ့်ခြောက်နှစ် အလုပ်သမားဟာ ကီလိုမီတာ၂၅၀ ကျော်လောက်ရှိတဲ့ ခရီးကို မောင်းနှင်ရတာဖြစ်ပြီး လမ်းတစ်လျှောက်မှာ ကုန်ကားကြီးများနှင့် ကားများစွရှိကြောင်းလည်း ဆိုပါတယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကြားမှာ တရုတ်ပြည်မှလုပ်သားတော်တော်များမျာဟာ အိမ်ပြန်ကြပါတယ်။

ဘာလိုလဲဆိုတော့ အဲဒီအချိန်ပင် မိသားစုများပြန်လည်ဆုံဆည်းနိုင်သောကြောင့်ဖြစ်တယ်။ အိမ်ပြန်ကြတဲ့လုပ်သား အများစုက ရထား၊ ဘတ်(စ်)ကား၊ လေယာဉ်များဖြင့်ပြန်ကြပါတယ်။ လက်လုပ်လက်စား အလုပ်သမား အများစုက ဆိုင်ကယ်ကိုအသုံးပြုပြီး ပြန်ကြပါတယ်။ အချို့က ဆိုင်ကယ်ပင်မရှိသောကြောင့် ဆိုင်ကယ်ကိုငှားပြီး ရှည်လျားလွန်းတဲ့ခရီးကို ပြန်ကြရပါတယ်။ တရုတ်အစိုးရမှ စစ်တမ်းများအရ ဆိုင်ကယ်ပေါင်း နှစ်သိန်းကျော်လောက် နှစ်တိုင်း ပြန်ကြတယ်လို့ဆိုပါတယ်။ မိသားစုများ ပြန်လည်ဆုံဆည်းရတဲ့အချိန် အခိုက်အတန့်လည်း ဖြစ်ပြီး လူတိုင်းမဖြစ်မနေ ကိုယ့်မွေးရပ်မြေပြန်ကြတဲ့ အလေ့အထလည်း ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *