နှာခေါင်းနှိုက်ခြင်းရဲ့ ရလဒ်များ

နှာခေါင်းနှိုက်တတ်တဲ့အကျင့်က ကျန်းမာရေးအတွက် တကယ်ကို မကောင်းတဲ့ အကျင့်တစ်ခုပါ။ နှာခေါင်းနှိုက်ခြင်းက အခန့်မသင့်ရင် ဦးနှောက်နဲ့ အာရုံကြောကိုပါ ထိခိုက်စေနိုင်ပါတယ်။နှာခေါင်းနှိုက်တတ်တဲ့အကျင့်က ကျန်းမာရေးအတွက် တကယ်ကို မကောင်းတဲ့ အကျင့်တစ်ခုပါ။ နှာခေါင်းနှိုက်ခြင်းက အခန့်မသင့်ရင် ဦးနှောက်နဲ့ အာရုံကြောကိုပါ ထိခိုက်စေနိုင်ပါတယ်။

နှာခေါင်းနှိုက်ခြင်းက နှာခေါင်းထဲမှာ ဝက်ခြံတွေပေါက်စေဖို့ အလားအလာအရှိဆုံး အချက်ဖြစ်ပါတယ်။ နှာခေါင်းထဲမှာ ဝက်ခြံပေါက်နေတာကို ထပ်နှိုက်နေမယ်ဆိုရင် ရောဂါပိုးတွေကူးစက်နိုင်ပြီး ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ပြီးတော့ နှာခေါင်းထဲက အရေပြားက အရမ်းနူးညံ့တာကြောင့် အနာကျက်ဖို့ကို လပေါင်းများစွာ ကြာမြင့်ပါတယ်။အခုလိုအေးတဲ့ ရာသီတွေမှာဆို နှာခေါင်းပိတ်တာတွေ အဖြစ်များတာကြောင့် နှာခေါင်းမနှိုက်သင့်ပါဘူး။ ရာသီဥတုအေးတာကြောင့် နှာခေါင်းပိတ်နေတဲ့ အချိန်အခါမျိုးမှာ နှာခေါင်းနှိုက်မိရင် လက်သည်းကနေတစ်ဆင့် သန်းနဲ့ချီတဲ့ ရောဂါပိုးမွှားတွေက နှာခေါင်းထဲကို ဝင်သွားတတ်ပါတယ်။ အဲ့ဒီရောဂါပိုးမွှားတွေက အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့စေပြီး အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာစေပါတယ်။

နှာခေါင်းနှိုက်ခြင်းကြောင့် လက်ကပိုးမွှားတွေက နှာခေါင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ဖျားနာရောဂါတွေ ခံစားရတတ်ပါတယ်။

ဒါကြောင့် သင့်မှာ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်က လူတွေမှာ နှာခေါင်းနှိုက်တတ်တဲ့အကျင့်ရှိရင် ဒီဆောင်းပါးလေးကို ဖတ်ပြီး ပြင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *