ပင်စင်အကျိုးခံစားခွင့်ရရှိရန်လိုအပ်သည့်အခြေခံအချက်များ

ပင်စင်အကျိုးခံစားခွင့်ရရှိရန်အလို့ငှာ အောက်ပါအခြေခံအချက်များနှင့်ညီညွတ်ရန် လိုအပ် ပါသည်-

( က)  နိုင်ငံတော်၏ ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ခြင်း။

( ခ )   ဖွဲ့စည်းပုံဖြင့် ခွင့်ပြုထားသည့်ရာထူးတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်ခြင်း။

( ဂ ) တာဝန်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ကျခံခြင်း  (နိုင်ငံ့ဝန်ထမ်း နည်း ဥပဒေများ၊ နည်းဥပဒေ- ၂၃၂)

ပင်စင်အကျိုးခံစားခွင့်များ

ဝန်ထမ်းများခံစားခွင့်ရှိသော ပင်စင်အမျိုးအစားများကို အောက်ပါအတိုင်း သတ်မှတ်သည် –

( က ) သက်ပြည့်ပင်စင်

(  ခ )  နှစ်ပြည့်ပင်စင်

(  ဂ )  နာမကျန်းပင်စင်

( ဃ ) လျော်ကြေးပင်စင်

( င  )  အထူးပင်စင်

( စ )  မိသားစုပင်စင်

(ဆ )  လျှော့ပေါ့ပင်စင်

ပင်စင်အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

( က ) သက်ပြည့်ပင်စင်

တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ  ပြဌာန်းချက်များအရ  သီးခြားသတ်မှတ်သည်  ကိစ္စမှ တစ်ပါး အသက် ၆၀ နှစ်ပြည့် သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။ ( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ – ၂၃၃ (က))

( ခ )   နှစ်ပြည့်ပင်စင်

ဝန်ထမ်းသည်လုပ်သက် နှစ် ၃၀ ပြည့်လျှင် နှစ်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။( နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်း ဥပဒေ – ၂၃၃ (ခ))နှင့် ၉.၁၂.၂၀၁၆ ရက်နေ့တွင် နိုင်ငံဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဌာန်း

( ဂ )   နာမကျန်းပင်စင်

လုပ်သက် ၁၀နှစ် နှင့်အထက် ရှိသည့်ဝန်ထမ်းသည် မကျန်းမာ၍တာဝန်ကိုဆက်လက်  မထမ်းဆောင် နိုင်သည့် အခါတွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင် ခံစားခွင့်ရှိသည်။( နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ – ၂၃၃ (ဂ))

( ဃ) လျော်ကြေးပင်စင်

ရာထူးတစ်ခုကို  ဖျက်သိမ်းလိုက်သည့်အခါ ယင်းရာထူး၌   ခန့်ထားသည့်ဝန်ထမ်းကို အခြား ရာထူးတခုသို့  ပြောင်းရွှေ့နေရာချထားခြင်း  မပြုနိုင်လျှင်သော်လည်း၊ ယင်း ဝန်ထမ်း မှ   ပြောင်းရွှေ့တာဝန်  ထမ်းဆောင်ရန်  ဆန္ဒမပြုလျှင်သော် လည်းကောင်း  လျော်ကြေးပင်စင် ခံစားခွင့်ပြုရမည်။ ( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပေဒေ- ၂၃၃ (ဃ))

( င )   အထူးပင်စင်

ဝန်ထမ်းသည်  တာဝန်ထမ်းဆောင်မှုကို  အကြောင်းပြု၍   ရောဂါရရှိသည့်အခါတွင် ဖြစ်စေ ၊ ထိခိုက်အနာတရဖြစ်သည့် အခါတွင် ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့်  အခါတွင် ဖြစ်စေ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် အထူး ပင်စင် ခံစားခွင့်ရှိသည်။ ( နိုင်ငံ့ ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပေဒေ – ၂၃၃ (င))

ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအတွက်  အကျိုးခံစားခွင့်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

  • ဝန်ထမ်းတစ်ဦးသည် တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ခြင်း ကို အကြောင်းပြု၍ ဖြစ်စေ၊   ရာထူး တာဝန်ကို  အကြောင်းပြု၍ ဖြစ်စေ ၊  တစ်စုံ တစ်ယောက်၏ လက်ချက်ဖြင့် ဒဏ်ရာရခြင်း၊ မတော်တဆ မှုကြောင့်  ဒဏ်ရာရ ခြင်း( သို့မဟုတ် )  ရောဂါရ ခြင်းဖြစ်ပါက ဒဏ်ရာအနာတရပင်စင် ခွင့်ပြုနိုင်ပါ သည်။
  • ဝန်ထမ်းတစ်ဦးသည် တာဝန်ထမ်းဆောင်ခြင်းကြောင့်ဖြစ်စေ၊ ရာထူးတာဝန်အရ ဖြစ်စေ၊ တစ်စုံတစ်ယောက် လက်ချက် ကြောင့် (သို့မဟုတ်)  မတော်တဆမှုကြောင့် (သို့မဟုတ်) ရောဂါရရှိမှုကြောင့် သေဆုံးပါက ကျန်ရစ်သူဇနီး၊ ခင်ပွန်း၊ သားသမီး များအား အထူး မိသားစုပင်စင် ခွင့်ပြုပါသည်။
  • အထက်အပိုဒ်ပါ ဖော်ပြချက်အတိုင်း  ဝန်ထမ်းကွယ်လွန်ခဲ့ပါက  ကျန်ရစ်သူ သား/ သမီးများအား အထူးပင်စင် နည်း ဥပဒေပါ သတ်မှတ်နှုန်းထားအတိုင်း ကလေးများ ပင်စင် ခွင့်ပြုပါသည်။ သားဖြစ်ပါက အသက်(၁၈) နှစ်အထိ၊ သမီးဖြစ်ပါကအသက် ( ၂၁)နှစ်အထိ ခွင့်ပြုရပါမည်။

( စ )   မိသားစုပင်စင်

ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှဖြစ်စေ ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူ မိ သားစုအတွက် မိသားစုပင်စင်ကိုသတ်မှတ်ချက်များနှင့် အညီ ခံစားခွင့်ရှိသည်။ ( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်း ဥပဒေများ – ၂၃၃ (စ))

( ဆ ) လျှော့ပေါ့ပင်စင်

အသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက်  နှစ် ၂၀ ကျော်လွန် လျှင် သော်လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည်  လုပ်သက် ၂၅ နှစ်ကျော်လွန်လျှင် သော်လည်းကောင်း လျှော့ပေါ့ပင်စင် ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်အရဖော်ပြပါ    သတ်မှတ်ချက်များ     မပြည့်မီသော်လည်း လျှော့ပေါ့ပင်စင် ခွင့်ပြုနိုင်သည်။ ( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၂၃၃ (ဆ))

လုပ်သက် ဆက်စပ်ခွင့်ပြုခြင်း

အရာထမ်းအမှုထမ်းများ၏ ပင်စင်အကျိုး ခံစားခွင့် အလို့ငှာ ရာထူးစုအမျိုးအစား မတူသော်လည်း လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။ ပင်စင်အကျိုးခံစားခွင့်ရှိသော ပြတ်တောက်နေသည့် ကာလများကို ဆက်စပ်ပေးပိုင်ခွင့် ရှိသူ က ခိုင်လုံသော အကြောင်းရှိပါက  ပင်စင်အကျိုးငှာ ဆက်စပ် ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရာတွင် ယခင် လုပ်သက် သည် အနည်းဆုံး တစ်နှစ်ရှိရမည်( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ – ၂၃၆ )

ချို့တဲ့ကာလဖြည့်စွက်၍ ရေတွက်ခွင့်ပြုခြင်း

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ – ၂၄၄ ၊

(က) ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုးခံစားခွင့် ရှိသည့် နှစ်ပြည့် သောလုပ်သက်ကိုသာ    ရေတွက်ရပြီး လစွန်းရက်စွန်းများကို   ပယ်ရမည်။ သို့ရာတွင်  သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်  နှင့် လျော် ကြေး ပင်စင်ယူသည့်ကိစ္စများ၌    ဝန်ထမ်း၏ လုပ်သက်သည်   ကျေနပ်ဖွယ်ရှိလျှင် ထိုလစွန်း ရက်စွန်း များတွင်     နှစ် ပြည့် ရန်လိုနေသည့် ကာလကို –

(၁)  ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးကခြောက်လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။

(၂)  ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက ၁၂လအထိဖြည့်စွက်ခွင့်ပြုနိုင်သည်။

အောက်ပါကိစ္စများ၌ ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်၏လစွန်းရက်စွန်းများ တွင် နှစ်ပြည့်ရန်လိုနေသည့် ကာလကို ဖြည့်စွက်ရေတွက်ခွင့် မပြုရ-

(နိုင်ငံဝန်ထမ်းဥပဒေများ၊နည်းဥပဒေ ၂၅၄)

(၁) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်လုပ်သက်တွင် ၅ နှစ်ပြည့်ရန် လိုသည့်ကာလ

(၂)     ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက်တွင် ၁၀ နှစ်ပြည့်ရန် လိုသည့်ကာလ

(၃)     လုပ်သက်နှစ် ၂၀ ပြည့် လျှော့ပေါ့ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ

(၄)     လုပ်သက် ၂၅ နှစ်ပြည့် လျှော့ပေါ့ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ

(၅)     လုပ်သက် နှစ် ၃၀ ပြည့် နှစ်ပြည့်ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ

၀န်ခံချက်။ ပင်စင်ဦးစီးဋ္ဌာနဝက်ဆိုက်မှ ကူးယူဖေါ်ပြပါသည်။

Leave a comment

Your email address will not be published. Required fields are marked *