ပစ္စည်းဥစ္စာဆုံးရှုံးမှုနဲ့ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုအတွက် အင်္ဂလန်မှအကျဥ်းသားတွေ ပေါင် ၁သောင်းကျော်ရရှိ

ပစ္စည်းဥစ္စာဆုံးရှုံးမှုနဲ့ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုအတွက် အကျဉ်းသားတွေဟာ အခွန်ထမ်းထောက်ပံ့ငွေကနေ ပေါင် ၁ သောင်း ရရှိကြပါတယ်။ ငွေ ၁ သောင်းကျော် ဟာ အကျဉ်းသားတွေဝတ်ဆင်တဲ့ အင်္ကျီ ဆံပင်ညှပ်ကပ်ကြေး နဲ့ ဘောင်းဘီတွေအတွက် ၂၀၁၃ ကတည်းက ထုတ်ပေးနေတာဖြစ်ပါတယ်။

သတင်းအချက်အလက်လွတ်လပ်ခွင့်အဖွဲ့အစည်းကနေ သတင်းစာအဖွဲ့အစည်းကို တောင်းဆိုချက်ကြောင့် ဖော်ပြထားတဲ့သတင်းအရ လွန်ခဲ့တဲ့လေးနှစ်တုန်းက ပေါင် ၈ သိန်းကျော်လောက် ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ အခွန်ထမ်းတွေရဲ့ မိတ်ဖက်အဖွဲ့တွေက ဒီကိန်းဂဏန်းဟာ “ဆိုးရွားတဲ့ပုံရိပ်ကိုဖော်ဆောင်နေပြီး” တရားရေးဝန်ကြီးကတော့ အတူနေထိုင်တဲ့သူတွေက ကြံ့ကြံ့ခံပြီး တောင်းဆိုတဲ့ ငွေကြေးဟာ သုံးပုံနှစ်ပုံလောက်အောင်မြင်တယ်လို့ ပြောပါတယ်။

ပစ္စည်းဥစ္စာဆုံးရှုံးမှုနဲ့ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုအတွက် နစ်နာကြေးပေးချေမှု ပေါင် ၁၀၃၅၇ ဟာ အင်္ဂလန်နဲ့ ဝေးလ်မှာ ၂၀၁၃-၁၄ ကနေ ၂၀၁၆-၁၇ ထိပေးချေနေတာဖြစ်ပါတယ်။ ဘဏ္ဍာရေးနှစ် လေးခုအတွက် အကျဉ်းသားတွေရရှိတဲ့ အသုံးအဆောင် ခြောက်ခုအတွက် ပေါင်းလိုက်ရင် ပေါင် ၈၅၅၅၄၁.၀၂ ရှိပါတယ်။ ၂၀၁၄-၁၅ မှာ နစ်နာကြေးထုတ်ပေးမှု ပေါင် ၃ သိန်းကျော်ခဲ့ပါတယ်။

ပစ္စည်းဥစ္စာပျောက်ဆုံးမှုအတွက် မကြာသေးမီက ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နစ်နာကြေးပေးမှုထဲမှာ ပါဝင်တဲ့အရာတွေကတော့ –

-CD ပြားတစ်ချပ်  (၅.၉၅ ပေါင်)

-DVD အောက်စက်တစ်လုံးအတွက် ( ပေါင် ၆၀ )

-အီလက်ထရောနစ်ဆေးလိပ်တစ်ခုအတွက် ( ပေါင် ၅၀ )

-ဆံပင်ညှပ်ကက်ကြေး ( ၁၆ ပေါင် )

-အားဖြည့်သွင်းနိုင်သော သွားတိုက်တံတစ်ချောင်းအတွက် ( ၁၉.၉၉ ပေါင် )

-နာရီတစ်လုံးအတွက် ( ပေါင် ၃၀ )

-ဂွမ်းကပ် နဲ့ အစွပ် တစ်ခုအတွက် ( ၂၇ပေါင် )

-တစ်ကိုယ်ရေသန့်စင်မှုပစ္စည်း ( ၄.၀၉ ပေါင် )

-အကျႌတစ်ထည်အတွက် ( ပေါင် ၂၀ )

-ဘောင်းဘီ ( ၃၅ ပေါင် ) အသီးသီးဖြစ်ကြပါတယ်။

အကျဉ်းသားတွေထဲမှာ အတူတူနေထိုင်ကြတဲ့အခါ မသင့်မြတ်မှုတွေဖြစ်လာတာနဲ့ ပစ္စည်းဥစ္စာဆုံးရှုံးမှုနဲ့ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုအတွက် အစောင့်ကို တိုင်တန်းလို့ရတဲ့ အချက်ကို ခွင့်ပြုထားပါတယ်။

၂၀၁၆-၁၇ မှာ ထောင်ပိုင်တွေ နဲ့ အာဏာပိုင်များကို တိုင်တန်းချက်အပေါ် အရေးယူနိုင်ရန် စုံစမ်းသည့်အဖွဲ့တို့က တိုင်တန်းချက် ၂၉% နဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးခဲ့ကြပါတယ်။ ဇူလိုင်လမှာတုန်းက တစ်ပါးသူ၏ အခွင့်အရေးကို စီမံခန့်ခွဲပေးသည့်အဖွဲ့အစည်းက “အကျဉ်းသားတွေက ပစ္စည်းတွေကို ရှားရှားပါးပါး သုံးနေရတာဖြစ်ပြီး သူတို့ သုံးရမယ့်ပစ္စည်း ပျောက်ဆုံးမှုနဲ့ ထိခိုက်မှုတို့အတွက် နစ်နာကြေးပေးရမယ်လို့” သတိပေးလိုက်ပါတယ်။

နီဂယ်နယူးကိုမန်း ရဲ့နောက်ဆုံး နှစ်စဉ်အစီရင်ခံစာမှာ စုံစမ်းစစ်ဆေးရေးအရာရှိတွေ ပြောထားသလို “ဥစ္စာပစ္စည်းတွေ ကို စနစ်တကျစီမံခန့်ခွဲဖို့ အကျဉ်းသားတွေက ကိုယ့်နည်းလမ်းနဲ့ကိုယ် သွားရမယ့်အချိန်ဖြစ်တယ်ဆိုပြီး” ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ နောက်ထပ် ဖော်ပြထားတာက “ ပစ္စည်းဥစ္စာတွေကို မှတ်တမ်းတင်တဲ့ နည်းလမ်းကို ၂၁ ရာစုအထိ သယ်ဆောင်သွားရမှာဖြစ်ပြီး ဆီလျော်တဲ့အစီအစဉ်အတိုင်းသွားဖို့ ဝန်ထမ်းတွေက အချိန်ပေးရမှာဖြစ်ပြီး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ သူတို့ကိုပေးအပ်တဲ့အခါမှာ သူတို့လက်ထဲရောက်ဖို့ လိုအပ်တယ်ဆိုပြီး” ပါရှိပါတယ်။

ပေးချေပြီးဖြစ်တဲ့ စုစုပေါင်းပမာဏကတော့ ၂၀၁၅-၁၆ မှာ ၁၉၀၁၉၁.၇၁  ပေါင်၊ ၂၀၁၄-၁၅ မှာ ၃၁၃၃၄၇.၇၀ ပေါင် နဲ့ ၂၀၁၃-၁၄ မှာ ၁၅၂၉၁၄.၆၃ ပေါင် တို့ပဲဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *