ပညာရေး ဝန်ကြီးဌာနလက်အောက်မှရှိတဲ့ ပညာရေး ဝန်ထမ်း ၆၀၀ကျော် အရေးယူခံရ

၂၀၁၆ ဧပြီလ မှ ၂၀၁၇  မတ်လအထိ တစ်နှစ်တာကာလအတွင်း ပညာရေးဝန်ကြီးဌာန၏ ဌာနခွဲများဖြစ်ကြတဲ့ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာအသက်မွေးဌာန၊ ပညာရေး သုတေသန စတဲ့ဌာနဆိုင်ရာ (၁၁)ခုအောက်မှရှိတဲ့ ဝန်ထမ်းပေါင်း (၆၀၀)ကျော်ကို ယခု အရပ်သားအစိုးရလက်ထပ်တွင် စတင်အရေးယူမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အရေးယူခံရတဲ့ ပညာရေးဝန်ထမ်း(၆၄၄)ယောက်ထဲတွင် အခြေခံပညာဦးစီးဌာနတစ်ခုတည်းကပင် (၅၀၀) ကျော်ပါဝင်နေပြီး အဆင့်မြင့်ဦးစီးဌာနကတော့ (၄၀) ကျော်ပါရှိပါတယ်။ ၎င်း(၆၄၄)ယောက်ထဲမှ (၁၀၀) ကျော်ကို ရာထူးမှထုတ်ပယ်သည်အထိ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပညာရေးသုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကတော့ အရေးယူခံရသူတွေဟာ စည်းကမ်းဖောက်ဖျက်တာ၊ တာဝန်ပျက်ကွက်တာတွေအပြင်၊ အဂတိလိုက်စားတာ ငွေအလွဲသုံးစားလုပ်တာတွေကြောင့် စာနဲ့ သတိပေးတဲ့အဆင့်ကနေ ရာထူးရပ်ဆိုင်းတာ၊ ရာထူးအဆင့်လျော့ချတာအပြင် ဝန်ထမ်းအဆင့်ကနေ လုံးဝထုတ်ပယ်သည်အထိ အရေးယူမှုမျိုးတွေကို လုပ်ရတာဖြစ်ကြောင်း၊ အရင်အစိုးရတွေတုန်းကတော့ ဌာနအတွင်း အရေးယူမှုတွေလုပ်ခဲ့သော်လည်း ယခုလို ပွင့်ပွင့်လင်းလင်းမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့စာရင်းအရ ရာထူးကနေ ထုတ်ပယ်ခံရသူဦးရေဟာ အများဆုံးဖြစ်ပြီး ဝန်ထမ်း(၁၂၁)ဦး အရေးယူခံရတာဖြစ်တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *