ပတ်ဝန်းကျင်အတွက် ပလက်စတစ်ရဲ့ဆိုးကျိုးများ

လေ့လာတွေ့ရှိချက်များအရ ယနေ့ခေတ်မှာ ပလက်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပါတယ်။ ပလက်စတစ်သုံးစွဲမှုများပြားလာတာနဲ့အမျှ ပလက်စတစ်အိတ်တွေ၊ ဗူးခွံတွေကို နေရာအနှံအပြားမှာ စွန့်ပစ်ထားကြတာကိုလည်း တွေ့မြင်လာရပါတယ်။

ပလက်စတစ်အမှိုက်တွေက မဆွေးမြေ့တတ်တဲ့အပြင် ဆွေးမြေ့သွားရင်လည်း အဆိပ်အတောက်တွေ ဖြစ်သွားတာကြောင့် မြေဆီလွှာပျက်ဆီးမှုနဲ့ ရေညစ်ညမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ပင်လယ်ရဲ့ တစ်မိုင်ပတ်လည်တိုင်းမှာ ပလက်စတစ်အမှိုက်စ ၄၆၀၀၀ လောက် စွန့်ပစ်ကျန်ရှိနေပါတယ်။ အဲ့ဒီပလက်စတစ်အမှိုက်တွေကြောင့် ပင်လယ်နေသတ္တဝါများနဲ့ ပင်လယ်ငှက်များ သေဆုံးနေရပြီး အဲ့ဒီလိုသေဆုံးမှုတွေထဲမှာ ငါးမန်းအကောင်ရေ (၁၀၀၀၀၀) လည်း ပါဝင်နေပါတယ်။

ဆွေးမြေ့လွယ်တဲ့ ပလက်စတစ်အမှိုက်တွေကလည်း ဆွေးမြေ့လွယ်သလောက် အန္တရာယ်လည်း အလွန်များတဲ့အပြင် အခြားအဆိပ်အတောက်တွေကိုလည်း အလွယ်တကူစုပ်ယူနိုင်တဲ့ အစွန်းသတ္တိရှိနေပါသေးတယ်။

ပလက်စတစ်ရဲ့ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေကို လျော့ကျသွားစေနိုင်မယ့် နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ ပလက်စတစ်အစားထိုး recycle ပစ္စည်းတွေကို အသုံးပြုခြင်း၊ ပလက်စတစ်အိတ်တွေကို တစ်ခါသုံးပြီးတိုင်း မလွှင့်ပစ်ဘဲ ထပ်ခါထပ်ခါအသုံးပြုခြင်း၊ တတ်နိုင်သလောက် ပလက်စတစ်သုံးစွဲမှု လျှော့ချခြင်းတွေ ပြုလုပ်မယ်ဆိုရင် ပလက်စတစ်အမှိုက်တွေ များပြားလာခြင်းကို လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ကာကွယ်ရာရောက်ပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *