ပရီမာ့က်ဆိုင်က ခရစ်စမတ် ဖရောင်းတိုင်ဓါတ်ပုံဟာ လူတွေကြားထဲ ပျံ့နှံ့ခဲ့ပါတယ်

မန်ချက်စတာမြို့တော်က အသက်ကြီးကြီးအမျိုးသမီး တစ်ယောက်ဟာ ခရစ်စမတ် သစ်ပင် အထိန်းအကွပ်မရှိမီးလောင်ကျွမ်းနေတဲ့ ဓါတ်ပုံကို လျှပ်တစ်ပြက်ရိုက်ခဲ့ပြီး မီးဘေးအန္တာရာယ်ရှိနိုင်တယ်ဆိုတဲ့အကြောင်းကို အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။ ဂျန်နီ ဖာနေးဟော့ဟာ ခရစ်စမတ်သစ်ပင်ရဲ့ မီးမလောင်ခင်နဲ့ လောင်ပြီးတဲ့အချိန် ဓါတ်ပုံတွေကို သူ့ဖေ့ဘွတ်ပေ့စ် မှာ တင်ခဲ့ပြီး ပထမတစ်ပုံကို ၅ ပေါင်ဆိုပြီးပြသခဲ့ပြီး ဒုတိယတစ်ပုံကို မီးတစ်ဝက်လောင်နေတဲ့ပုံကို တင်ခဲ့ပါတယ်။

ဖယောင်းတိုင်မီးဟာ ထိပ်ပိုင်းထောက်တိုင်ကနေ စတင်လောင်ကျွမ်းနေပြီး မီးတောက်ဟာ ပိုမိုများလာခဲ့ပြီး တစ်ဝက်လောက်ကျန်တဲ့အချိန်မှာ ဆိုင်ပိုင်ရှင်က မီးငြိမ်းသတ်ခဲ့ပါတယ်။ အန္တာရာယ်ရှိတယ်ဆိုတာကို အခြားသူတွေကို သတိပေးဖို့အတွက် ဖာနေးဟော့ရေးထားတာက “ဒီဖရောင်းတိုင်ဟာ ကျွန်မ ပရီမာ့က်ဆိုင်ကနေ ၅ ပေါင်နဲ့  စနေနေ့က ဝယ်လာတဲ့ ဖရောင်းတိုင်ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ဒီလိုဖရောင်းတိုင် တစ်ချောင်းရှိတယ်ဆိုရင်တော့ ကျွန်မအတော်လေးစိုးရိမ်မိပါတယ်။ အဲ့ဒီအတွက် ကျွန်မက ပရီမာ့က်ဆိုင်ကို အီးမေးလ်ပို့ပြီး ဒီအချက်ကို ပြန်လည်သုံးသပ်ဖို့ အကြံပြုထားပါတယ်။”

“တစ်ကယ်လို့ သင်တို့ကသာ ဒီစာကို ဖြန့်ဝေပေးမယ်ဆိုရင်တော့ ဘယ်သူမှ မီးဘေးအန္တာရာယ်စိုးရိမ်ရမှာ မဟုတ်တဲ့အတွက် ကျွန်မအတော်လေး ကျေးဇူးတင်မှာပါ။” သူမလျှပ်တစ်ပြက်ရိုက်လိုက်တဲ့ အဖြူရောင်နဲ့ ငွေရောင် ခရစ်စမတ် ဖရောင်းတိုင် မီးတောက်တွေနဲ့ပုံဟာ သိပ်မကြာခင်အချိန်မှာပဲ ပျံ့နှံ့သွားခဲ့ပြီး ၂ သိန်းခွဲသောသူတွေက သူ့ ပိုစ့်ကို မျှဝေခဲ့ပါတယ်။

ဖရောင်းတိုင်ဟာ နှစ်နာရီလောက် သူ့ဟာသူမီးလောင်ပြီးတဲ့အချိန်မှာ သစ်ပင်ရဲ့ထိပ်ပိုင်းကနေစပြီးတော့ လောင်တာပါပဲလို့ သူမကပြောထားပါတယ်။ “ကျွန်မတို့ဟာ ဒါကို စောင့်ကြည့်နေခဲ့ပေမယ့် ဖယောင်းတိုင်ကုန်ဆုံးသွားတဲ့အချိန်မှာ အန္တာရာယ်ရှိတဲ့အခြေအနေကို ရောက်လာတဲ့အတွက် ကျွန်မတို့က ဒီကိစ္စဟာ ထိန်ချန်ထားလို့မဖြစ်တဲ့အတွက် တင်ရတာဖြစ်တယ်လို့” ပြောပါတယ်။

ပရီမာ့က်ဆိုင်ကတော့ သူတို့ရဲ့ ပစ္စည်းကိုရောင်းတဲ့စာရင်းကနေ ဖယ်ထုတ်ခဲ့ပြီးတော့ ဘယ်လိုဖြစ်လဲဆိုတာကို စုံးစမ်းနေတယ်လို့ပြောပါတယ်။ လျှော့ဈေးနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ဟာ ဝယ်သူတွေရဲ့ လုံခြုံစိတ်ချရမှုနဲ့ ပစ္စည်းရဲ့ အရည်အသွေးကို အရမ်းအလေးထားပါတယ်လို့” ဆိုပါတယ်။ “ကျွန်တော်တို့ဟာအဲ့ဒီပစ္စည်းကို ဝယ်သူငြိုငြင်ရတဲ့အချက်ကို စုံစမ်းသိရှိပြီးနောက် အရောင်းစာရင်းကနေအစောတလျှင် ဖယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။”

ပရီမာ့က် ဝက်ဆိုဒ် မှာ ဝယ်သူဝန်ဆောင်မှု အခန်းကဏ္ဍမှာ “ဖရောင်းတိုင်တွေကို ဂရုစိုက်ပါ။” ပရီမာ့က်ဟာ အချက်အလက်တွေနဲ့ပတ်သက်တဲ့ စတစ်ကာဓါတ်ပုံကို တင်ထားပြီး တစ်ကယ်တော့ အဲ့ဒီစတစ်ကာ ဖရောင်းတိုင်ရဲ့ အောက်ခြေမှာ ရှိနေသင့်ပါတယ်။

သူတို့တောင်းဆိုထားတာက “စာကိုဖတ်ဖို့ ကျေးဇူးပြုပြီးအချိန်ယူးပေးပါ။ နောက်ပြီးတော့ မီးဘေးအန္တာရာယ်ဖြစ်နိုင်ခြေရှိတာကို ကာကွယ်ဖို့အတွက် နားလည်အောင်လုပ်ပါ။”

သတိပေးချက်မှာ ပါဝင်တာကတော့ ဖယောင်းတိုင်ကို လူမရှိပဲဘယ်တော့မှ ထွန်းမထားပါနဲ့၊ ဖယောင်းတိုင်ကို ခြောက်သွေ့ မှုမရှိတဲ့နေရာမှာထားပါ၊ ပြီးတော့ဖယောင်းတိုင်ကို မီလောင်လွယ်တဲ့နေရာနဲ့ မီးကူးလွယ်တဲ့နေရာတွေမှာ မထားပါနဲ့ဆိုတာပါပဲ။

Leave a comment

Your email address will not be published. Required fields are marked *