ပရီးမီးယားလိပ် ဘောက်ဆင်ဒေးပွဲစဉ်တွင် ၅ဂိုး၂ဂိုးဖြင့် စပါးက ဆောက်သမ်တန်ကို အနိုင်ရခဲ့

တော့်တင်ဟမ်ဟော့စပါးအသင်းသည် ပရီးမီးယားလိပ် ဘောက်ဆင်ဒေးပွဲစဉ်တွင် ၅ဂိုး၂ဂိုးဖြင့် ဆောက်သမ်တန်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

စပါးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဟယ်ရီကိန်း၊ဆွန်ဟောင်မင်၊အယ်လီ၊အဲရစ်ဆင် အစရှိတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။

အိမ်ကွင်းအသာနဲ့ ကစားခဲ့ရတယ်ဆိုသော်လည်း စပါးအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအနည်းငယ်ပဲ အသားစီးရခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်းပဲရှိခဲ့ပါတယ်။

ပွဲကစားချိန် ၂၂မိနစ်တွင် စပါးအသင်း၏ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုးနဲ့စတင်ခဲ့ပြီး ၃၉မိနစ်၊၆၇မိနစ်တို့မှာလဲ ဟယ်ရီကိန်းကပဲသွင်းယူကာ ဟက်ထရစ် ရရှိခဲ့ပါတယ်။

ကျန်သွင်းဂိုးတွေကတော့ ၄၉မိနစ်မှာ အယ်လီ ၊၅၁မိနစ်မှာ ဆွန်ဟောင်မင်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာလဲဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၄မိနစ်မှာ ဘူဖောလ်ကတစ်ဂိုး ၊၈၂မိနစ်တွင် တာဒစ်က တစ်ဂိုး စုစုပေါင်းနှစ်ဂိုးတာသွင်းယူနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။

တိုက်စစ်မှူးဟာရီကိန်းသည် ၂၀၁၇ခုနှစ်အတွင်းမှာ စပါးအတွက် ၄၉ဂိုး၊အင်္ဂလန်အသင်းမှာ ၇ဂိုး၊ စုစုပေါင်း ၅၆ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၁၇ခုနှစ် အတွင်း ဥရောပ ဂိုးအများဆုံးသွင်းနိုင်သူလဲ ဖြစ်လာပါတယ်။

ပွဲစဉ်အပြီးမှာတော့ စပါးအသင်းက ရမှတ် ၃၇မှတ်နှင့် အဆင့် ၅ နေရာမှာ တည်ရှိပြီး ၊ဆောက်သမ်တန်အသင်းကတော့ ရမှတ် ၁၉မှတ်နဲ့ အဆင့် ၁၄မှာ ရပ်တည်နေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *