ပလက်ဝတိုက်ပွဲကြောင့် စစ်ဘေးတိန်းရှောင်သူ ၁၇၀၀ကျော် ရှိလာပါပြီ

ပလက်ဝမြို့နယ်တွင် ရခိုင်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့ အကြားတိုက်ပွဲဖြစ်နေတာဟာ သီတင်း နှစ်ပတ် နီးပါးကြာမြင့်နေပြီးဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံဆုံရာ တြိဂံဒေသမှာ မြန်မာ့တပ်မတော်မှ AA လက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ တစ်နေ့တခြား တိုက်ပွဲတွေပြင်းထန်လာပါတယ်။ ထို့ကြောင့် ဒေသခံ ရွာသားများအနေဖြင့် စိုးရိမ်ကြောက်ရွံ့နေကြသဖြင့် ဘေးလွတ်ရာ အိန္ဒိယဘက်ခြမ်းသို့ စစ်ဘေးတိန်းရှောင်နေကြတာဖြစ်ပါတယ်။

အိန္ဒိယဘက်ခြမ်းရှိ မောင်ဘုဆွာရွာမှာ နိုဝင်ဘာ ၃၀ရက်နေ့က စစ်ဘေးဒုက္ခသည် အယောက်၃၀၀ကျော်အပါအဝင် စုစုပေါင်း စစ်ဘေးတိန်းရှောင်သူ ၁၇၀၀ကျော် ရှိနေပြီးဖြစ်ကြောင်း ထိုသူများ၏ စားဝတ်နေရေးကို ကူညီပေးနေတဲ့ လူမှုကူညီထောက်ပံ့ရေးအဖွဲ့မှပြောကြားချက်အရသိရပါတယ်။ ထိုကဲ့သို့ ကူညီမှုပေးနေသူများရှိနေသော်လည်း လိုအပ်မှုတွေ အများအပြားကျန်ရှိနေသေးတာဖြစ်ပါတယ်။

ယခုလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမယ်ဆိုရင် ရွာသားများထွက်ပြေးမှု ပိုမိုရှိလာနိုင်တဲ့အတွက် အခက်အခဲများစွာ ရှိလာနိုင်ကြောင်း လူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ ပြောကြားချက်အရသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *