ပါကစ်စတန်ရှိ စိုက်ပျိုးရေးကျောင်းတစ်ကျောင်းအား တာလီဘန်များ ဝင်ရောက်တိုက်ခိုက်

ဒီဇင်ဘာလ ၁ရက်နေ့တွင် မနက်ပိုင်းတွင် အမျိုးသမီးဟန်ဆောင်ထားသူ ၃ယောက်ထပ်မနည်းဟာ ပါကစ်စတန်နိုင်ငံ၊ ပက်ရှ်ဝါမြို့ရှိ စိုက်ပျိုးရေးကောလိပ်သင်တန်းကျောင်းထဲသို့ သုံးဘီးတပ်ယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၉ဦးသေဆုံးပြီး ၃၆ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဝင်ရောက်ပစ်ခတ်သူများလည်း သေဆုံးသွားကြောင်း စစ်တပ်ရဲ့ ပြောကြားချက်အရသိရပါတယ်။ တိုက်ခိုက်ခံရတဲ့နေ့ဟာ ဘာသာရေး အားလပ်ရပ်ဖြစ်နေလို့ ကျောင်းပိတ်ထားတယ်လို့ ယူဆရပါတယ်။ သေဆုံးသူများထဲတွင် ကျောင်းသား ၈ဦးနှင့် ရုံးဝန်ထမ်း ၁ဦးပါဝင်ကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ၎င်းတို့ပြုလုပ်တာဖြစ်ကြောင်း တာလီဘန်အဖွဲ့က ကြေညာထားပါတယ်။ လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာကို စစ်တပ်က ပိတ်ဆို့ထားပါတယ်။

Leave a comment

Your email address will not be published.