ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံရာ လူ ၂ဦးသေဆုံး ၊၇၀၀ကျော်ဒဏ်ရာရ

ပါလက်စတိုင်း စစ်သွေးကြွများက ‘ day of rage ‘ ဒေါသထွက်တဲ့နေ့ အဖြစ်သတ်မှတ်ပြီး ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း နှင့် ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုများပြုလုပ်နေစဉ် အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ၂ဦးသေဆုံးပြီး ၇၀၀ကျော်ဒဏ်ရာ ရခဲ့ပါတယ်။

ထို ပဋိပက္ခသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်လိုက်ပြီးနောက်ပိုင်းမှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က အသက် ၃၀ အရွယ် ပါလက်စတိုင်း တစ်ဦးကို အစ္စရေးတပ်က ပစ်သတ်လိုက်ကြောင်းပြောခဲ့ပြီး ၊အယ်ဂျာဇီးယားသတင်းမှာကတော့ အသက် ၅၄နှစ် အရွယ် ပါလက်စတိုင်းတစ်ဦးပါ သေဆုံးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။

အစ္စရေးလေတပ်က လေကြောင်းကနေ ဂါဇာကမ်းခြေရှိ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့သောကြောင့် ကလေး ၆ဦး အပါအဝင် ၂၅ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ လခြမ်းနီ အကူညီပေးရေးအဖွဲ့ကလဲ အစ္စရေးတပ်တွေ ကျည်ဆန်တွေ၊ ရာဘာကျည်တွေနဲ့ ပါလက်စတိုင်းတွေကို ပစ်ခဲ့တာကြောင့် လူ ၇၆၇ ဦးကျော် ဒဏ်ရာရခဲ့သဖြင့် ဆေးကုသပေးခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်သည် ငြိမ်းချမ်းရေးကို ချိုးဖောက်နေသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂရောက် ပါလက်စတိုင်းကိုယ်စလှယ်တွေက ပြောခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျပန်နှင့် အီတလီ သံအမတ်တွေကလည်း အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ်ကို ဝေဖန်ခဲ့ပါတယ်။

Leave a comment

Your email address will not be published.