ပီရူး မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၃သန်းလောက်က ခြေလက် (၄)ချောင်းရှိတဲ့ ဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိ

ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းများ လေ့လာရေးအဖွဲ့မှ ပီရူးရဲ့ ပစိဖိတ် ကမ်းရိုးတန်း ကုန်းတွင်းပိုင်း တစ်ကီလိုမီတာ (0.6 miles) တွင် လွန်းခဲ့တဲ့ နှစ်ပေါင်း ၄၃သန်းတုန်းက အစာရှာထွက်လာတယ်လို့ ယူဆရတဲ့ ခြေလက်(၄) ချောင်း ရှိတဲ့ ဝေလငါး ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၎င်းဝေလငါးဟာ ၁၃ပေအရှည်ရှိပြီး ကုန်းမှာ လမ်းလျှောက်လို့ ရသလို ရေထဲမှာလည်း သွားလာနိုင်တယ် လို့ သိရပါတယ်။ Royal Belgian သိပ္ပံကျောင်းရှိ သိပ္ပံပညာရှင်ဖြစ်တဲ့ Dr Olivier Lambert ပြောပြချက်အရ ၎င်း ဝေလငါးမှာ ရေယက်ပါဝင်တဲ့ ခြေလက်လေးချောင်း ပါဝင်ကြောင်းနှင့် ၎င်းဝေလငါးများဟာ နှစ်ကြာလာသည်နှင့် အမျှ ပုံစံတဖြည်းဖြည်းပြောင်းလာခဲ့ပြီး ယနေ့ခေတ်တွေ့မြင်နေရတဲ့ ဝေလငါးပုံစံဖြစ်လာကြောင်း သိရပါတယ်။

ဝေလငါးမျိုးစိတ်တွေဟာ တစ်မျိုးတည်းသော ရေနေနို့တိုက်သတ္တဝါတွေဖြစ်ကြပါတယ်။ ၎င်းတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေ ရှာဖွေတွေ့ရှိခဲ့တဲ့နေရာတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း၅၀လောက်က အာရှတိုက်ရဲ့ တောင်ပိုင်းမှာ နေထိုင် ခဲ့ကြတယ်လို့ယူဆရပြီး နောက်ပိုင်းမှာ အာဖရိကနဲ့ အမေရိက မြောက်ပိုင်းကို ကူးပြောင်းလာကြတယ်လို့ သုတေသီ များက ယူဆထားကြပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *