ပုံမှန်ရထားထွက်ချိန်ထက် စက္ကန့် ၂၀ စော၍ ထွက်မိခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံရထားလုပ်ငန်းအဖွဲ့အစည်းမှ တောင်းပန်

ဂျပန်နိုင်ငံရထားလမ်းကြောင်းတစ်ခုမှ ရထားတစ်စင်းသည် ပုံမှန်ရထားထွက်ချိန်ထက် စက္ကန့် ၂၀ စော၍ ထွက်မိခဲ့ခြင်းကြောင့် အရေးပေါ် တောင်းပန်မှူ ပြုလုပ်ခဲ့သည်။ ၉နာရီ ၄၄မိနစ် ၄၀ စက္ကန့်တွင် ရထားထွက်ရမည့်အစား ၉နာရီ ၄၄မိနစ် ၂၀စက္ကန့်တွင် ထွက်ခွာမိသောကြောင့် တောင်းပန်လိုက်ခြင်း ဖြစ်သည်။
၄နာရီခြား တစ်ခါထွက်သော ရထားဖြစ်သောကြောင့် စက္ကန့် ၂၀ ကြိုထွက်မိသည့်အတွက် ရထားလွတ်သွားခဲ့သည့် ခရီးသည်များအား အနူးအညွတ်တောင်းပန်လိုက်ခြင်း ဖြစ်သည်ဟု ကုမ္ဗဏီမှ ထုတ်ပြန်ချက်ထုတ်ထားသည်။

Leave a comment

Your email address will not be published. Required fields are marked *