ပူတာအိုမြို့နယ်ရှိ ဆွမ်ပရာဘွမ်-ပူတာအို သွားကားလမ်းပေါ်ရှိ တံတား ၁ စင်းအား KIA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ

ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက် ၇နာရီလောက်တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် KIA တပ်ဖွဲ့များက တံတား တစ်စင်းကို ဗုံးခွဲခဲ့တယ်လို့ သိရှိရပါတယ်။

ပူတာအိုမြို့နယ်ရှိ ဆွမ်ပရာဘွမ်-ပူတာအို သွားကားလမ်း မိုင်တိုင်အမှတ်၊ ၁၄၇/၆-၇ ၊ တံတားအမှတ်၊ ၆/၁၄၈ ၊ အရှည် ၂၃၅ ပေ သံဘောင် ဘေလီတံတားအား KIA အကြမ်းဖက်တပ်ဖွဲ့များက မိုင်းထောင်ပြီး ဖောက်ခွဲခဲ့သဖြင့် တံတားအောက်ဘက် သံဘောင်များနှင့် တံတားမျက်နှာပြင် ယာဉ်သွားလမ်းများ ပျက်စီးခဲ့ရပါတယ်။

လက်ရှိမှာတော့ အဆိုပါနေရာကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *