ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် F-22ဂျက်များ စေလွှတ်မည်

အမေရိကန်သည် တောင်ကိုးရီးယားနှင့်ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွက် ရေဒါပျောက်F-22 Raptor တိုက်ဂျက်လေယာဉ်စေလွှတ်မည်ဟုသိရပါသည်။

ထိုသို့စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ကိုးရီးယားကို စစ်အင်အားပြလိုခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါတွင် ပုံမှန်အခြေချထားသည့် တိုက်လေယာဉ် ခြောက်စင်းသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် တောင်ကိုးရီးယားသို့ သွားရန်ရှိကြောင်း ဂျပန်မီဒီယာတို့ ပြောကြားချက်အရ သိရပါတယ်။

ထိုစစ်ရေးလေ့ကျင့်ရေးကို Vigilant Ace လို့အမည်ပေးထားပြီး တောင်ကိုးရီးယားက F-22 လေယာဉ်များလည်းပါဝင်မည်ဟု တောင်ကိုးရီးယားပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။ ပြောကြားချက်တွင် လေယာဉ်အရေအတွက်ကို မပြောကြားခဲ့ပါ အမေရိကန်မှ ပြောကြားခွင့်ရသူကလဲ အသေးစိတ်မပြောကြားခဲ့ပေ။

ပူးတွဲစစ်ရေးလေ့ကျင့်ရေးကို ဒီဇင်ဘာလ ၄ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၅ရက်ခံ့ပြုလုပ်မည်ဖြစ်ကြောင်းလဲ သိရှိရပါသည်။

Leave a comment

Your email address will not be published. Required fields are marked *