ပဲရစ်တွင် အိုင်တီသမားတစ်ဦးက ရဲ (၄)ဦးအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

အောက်တိုဘာလ (၃)ရက် ကြသပတေးနေ့က ပဲရစ်မြို့ရဲ့ ရဲဌာနချုပ်အတွင်းမှာ အလုပ်လုပ်နေတဲ့ အသက် (၄၅)နှစ် အရွယ်ရှိ IT ကျွမ်းကျင်ပညာရှင် Mickaël Harpon ဟာ သူ၏ လုပ်ဖော်ကိုင်ဖက်ရဲများကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ အမှုဖြစ်ရတဲ့အကြောင်းအခြင်းရာကိုတော့ ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့သိရပါတယ်။

လူသတ်သမားဟာ လွန်ခဲ့တဲ့ (၁၈)လတုန်းက အစ္စလမ်ဘာသာသို့ ပြောင်းရွေ့ခဲ့သူတစ်ဦးဖြစ်ပေမယ်လို့ ဒီအမှုဟာ အ ကြမ်းဖက်မှုမဟုတ်ပဲ အလုပ်အတွင်းသဘောထားကွဲလွဲမှုမှဖြစ်ပွားလာတဲ့ ပြဿနာဖြစ်နိုင်ကြောင်း အမှုကို ကိုင်တွယ် စစ်ဆေးနေတဲ့ မြို့တော်ပြည်သူ့အစိုးရ ရှေ့နေများ၏ ပြောပြချက်အရသိရပါတယ်။

Mickaël Harpon ဟာ ကြာသပတေးနေ့ နေ့လည်စာစားချိန်တွင် စားခန်းထဲသို့ဝင်လာပြီး သူ့ဘေးနားရှိ အမျိုးသား (၃)ဦးကိုပထမဦးစွာဓားဖြင့်ထိုးပြီး လှေခါးမှာရှိနေတဲ့ အမျိုးသမီး(၂)ဦးကို ဓားနဲ့ထိုးခဲ့ပါတယ်။ထို (၅)ဦးကို ဓားနဲ့ ထိုး ပြီးနောက်မှာတော့ ရဲချုပ် Didier Lallement က Mickaël Harpon ရဲ့ ဦးခေါင်းကို သတ်နတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဓားနှင့်ထိုးခံရတဲ့ (၅)ဦးအနက် (၄)ဦးသေဆုံးခဲ့ပြီး (၁)ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်တဲ့လူများအားလုံးကို အစိုးရရှေ့နေများရုံးတွင် ဖမ်းဆီးထားကာ စစ်ဆေးမှုများပြုလုပ်နေဆဲ ဖြစ်ပါ တယ်။ သောကြာနေ့ မနက်မှာတော့ သေဆုံးသွားခဲ့တဲ့ ရဲ (၄)ဦးအတွက် ဝမ်းနည်းခြင်းအထိန်းအမှတ်အနေဖြင့် ရဲဌာန ချုပ်အရှေ့တွင် လူများစုဝေးပြီး ၁မိနစ် ငြိမ်သက်ကာ ဆုတောင်းမှုပြုခဲ့တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *