ပဲရစ်မြို့ရှိ စိန်းမြစ်ရေမြင့်တက်မှု စိုးရိမ်ရေမှတ်သို့ရောက်နိုင်ကြောင်း ထုတ်ပြန်ကြေငြာ

ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ပဲရစ်မြို့ရှိ စိန်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဇန်နဝါရီလ ၂၇ရက်နေ့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့မြစ်ရေမြင့်တက်လာမှုကြောင့် ပဲရစ်မြို့၏ လမ်းများကိုပါ ရေများဖုံးလွှမ်းနေတယ်လို့သိရှိရပါတယ်။ မြို့တော်ဝန် အန်းဟီဒယ်ကဂို က “လက်ရှိအချိန် ရေအမြင့် ၅ ဒသမ ၇၁ မီတာအထိ မြင့်တက်နေပြီး ၅ ဒသမ ၈ နဲ့ ၆ မီတာ ကြားအထိ မြင့်တက်နိုင်ပါတယ်။ ၂၀၁၆ ခုနှစ်က ၆ ဒသမ ၁ မီတာအထိ မြင့်တက်ခဲ့တာနဲ့ ယှဉ်ရင် မများလှပေမယ့် မြစ်ကြောင်းနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ ကျမတို့ စောင့်ကြည့်နေပါတယ်။ ရှေ့တစ်ပတ် မိုးထပ်ရွာပြီး မြေအောက်ရေ မြင့်တက်လာမှာကို ကျမတို့ စိုးရိမ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

စိန်းမြစ်ရေမြင့်တက်မှုကြောင့် လုဗ်ပြတိုက် မြေအောက်ထပ်ရှိ အစ္စလာမ္မစ် အနှပညာပြခန်းကို ပိတ်ထားရပြီး ကမ္ဘာကျော် ဘက်သိုမုချ် မြစ်အတွင်း လှေဝန်ဆောင်မှုလုပ်ငန်းကိုလည်း ပိတ်ထားရတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *