ပျားရည်ကိုနေ့စဉ်သောက်သုံးပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်အတွက် ရရှိလာမယ့် အကျိုးကျေးဇူး ၆ ခု

ဆေးအများစုဟာ ခါးသက်သက်နဲ့ လူနာတွေက အောက်သက်သက်သောက်ရပါတယ်။ ဒါပေမယ့် ပျားရည်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ပြီး သောက်သုံးတဲ့သူတွေကိုလည်း များစွာအကျိုးပေးပါတယ်။

၁။ အသားရည်ကြည်လင်လာခြင်း

ပျားရည်မှာ အန်တီအောက်ဆီဒင့် ကြွယ်ဝစွာပါဝင်နေပြီး နေ့စဉ်သောက်သုံးပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ အမျိုးမျိုးသော အဆိပ်အတောက်တွေကို သုတ်သင်ဖယ်ရှားပေးပါတယ်။ ပျားရည်မှာပါဝင်တဲ့ ဘက်တီးရီးယားတိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိဟာ အရေပြားရဲ့ အခြေအနေကို နဂိုအနေအထားမှ တိုးတက်ကောင်းမွန်စေပါတယ်။

၂။ အဆီပိုတွေကို လျှော့ချပေးခြင်း

အဆီချချင်တယ်ဆိုရင်တော့ ဆရာဝန်တွေက အချိုပါတဲ့ အစားအသောက်နဲ့ သကြားပါဝင်တဲ့ အစားအသောက်တွေကို မစားဖို့ တိုက်တွန်းပါလိမ့်မယ်။ ပျားရည်ဟာ အချိုထဲမှာပါဝင်ပေမယ့် ဆရာဝန်တွေ ရှောင်ခိုင်းတဲ့အထဲမှာ မပါဝင်ပါဘူး။ ဘာလို့လည်းဆိုတော့ ပျားရည်မှာပါဝင်နေတဲ့ အချိုဖွဲ့စည်းမှုဟာ အခြားသော အချိုတွေနဲ့ ကွဲပြားနေလို့ပါပဲ။ ပျားရည်ဟာ အဆီကျစေတဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်စွမ်းအားရှိပါတယ်။

၃။ ကိုလက်စထရောလျော့ကျစေခြင်း

ပျားရည်မှာ ကိုလက်စထရောပမာဏ ပါဝင်မှုလုံးဝမရှိပါဘူး။ သူ့မှာပါဝင်တဲ့အရာတွေကတော့ ဗီတာမင်ဖြစ်ပြီး ကိုလက်စထရော ကိုလျော့ကျစေတဲ့အရာဖြစ်ပါတယ်။ နေ့စဉ်စားသုံးပေးခြင်းဖြင့် အန်တီအောက်ဆီးဒင့်ကို များစွာအထောက်အကူပြုပြီး ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရော ပိုလျှံနေမှုကို လျှော့ချပေးနိုင်စွမ်းပါတယ်။

၄။ နှလုံးအားကောင်းလာခြင်း

သုတေသနတွေ့ရှိချက်အရတော့ ပျားရည်မှာပါဝင်တဲ့ အန်တီအောက်ဆီးဒင့်ဟာ အဆုပ် ကျဉ်းမြောင်းမှုဖြစ်ခြင်းကို ကာကွယ်ပေးပါသည်။ အဆုပ်ကျုံ့သွားမှုကြောင့် နှလုံးထိခိုက်မှု၊ မှတ်ဉာဏ်ယိုယွင်းလာခြင်း ဒါမှမဟုတ် ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ရေတစ်ခွက်နဲ့ ပျားရည်အပြည့်တစ်ဇွန်း သောက်သုံးပေးခြင်းဖြင့် ယခုလိုဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အခြားသော သုတေသနတွေမှာဖော်ပြထားတာကတော့ ပျားရည်ဟာ စိတ်ဖိစီးမှုကိုတိုက်ဖျက်ပေးနိုင်ပြီး အန်တီအောက်ဆီးဒင့် ရဲ့ ခုခံနိုင်မှုစနစ်ကို ပြန်လည်သိုလှောင်ပေးနိုင်စွမ်းရှိပါတယ်။ အကျိုးကျေးဇူးအနေနဲ့ မှတ်ဉာဏ်အားကောင်းစေပါတယ်။ ၎င်းအပြင် ပျားရည်မှာပါဝင်တဲ့ ကယ်စီယံကို ဦးနှောက်က စုပ်ယူနိုင်စွမ်းရှိတဲ့အတွက် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။

ပျားရည်မှာပါဝင်တဲ့သကြားဓါတ်က သွေးထဲမှာရှိတဲ့ အင်ဆူလင်ကို တိုးမြှင့်ပေးနိုင်ပြီး စိတ်ကျရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ စိတ်ကျရောဂါဖြစ်လာရင်တော့ ခန္ဓာကိုယ်ပြောင်းလဲမှု ဖြစ်လာနိုင်ပြီး အဲ့ဒီဟော်မုန်းက အိပ်စက်နေမှုကို တိုးမြှင့်လုပ်ဆောင်ပေးပါတယ်။

၅။ အစာအိမ်ကောင်းမွန်လာခြင်း

ပျားရည်ဟာ ပုပ်သိုးသိုးဖြစ်ခြင်းကို ကာကွယ်နိုင်တဲ့အတွက် ဆရာဝန်တွေက ဘာမှမစားမသောက်ခင်မှာ ပျားရည်တစ်ဇွန်းကို သောက်သုံးဖို့ ညွှန်ကြားပါတယ်။ ဒီလိုရိုးရှင်းတဲ့ သုံးစွဲမှုဟာ အစာအိမ်အူလမ်းကြောင်းတွင်းမှာရှိတဲ့ အစာခြေစနစ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အစာမစားခင်အချိန်မှာ ပျားရည်ကို စားသုံးပေးခြင်းကြောင့် ပျားရည်က အူလမ်းကြောင်းအတွင်း ဖြတ်သန်းသွားချိန်မှာ ပိုးမွှားတွေကိုသေစေပြီး အူလမ်းကြောင်းတွေ အချွဲအကျိကြောင့် ဒါဏ်ရာရထားတာတွေကို အနည်းအငယ်အကာအကွယ်ပေးနိုင်ပါတယ်။

၆။ စိုးရိမ်စိတ်ဖြစ်ခြင်းကိုကာကွယ်နိုင်ခြင်း

ဒီအချက်က ထူးဆန်းတယ်လို့ထင်ရပေမယ့် အချက်အလက်ကတော့ အချက်အလက်လို့ပဲဆိုရမှာပါ။ ပျားရည်သောက်သုံးခြင်းကြောင့် အာရုံကြောကို အထောက်အကူပြုတဲ့အတွက် မောပန်းနွမ်းနယ်ခြင်းကို သက်သာစေပါတယ်။ ပျားရည်မှာပါတဲ့ ဂလူးကိုစ့်ဓါတ်ဟာ အာရုံကြောအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သွေးတွေဟာ ပျားရည်ကိုအလွယ်တစ်ကူစုပ်ယူနိုင်ပြီး စိတ်ကစဉ့်ကလျားဖြစ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

Leave a comment

Your email address will not be published.