ပျောက်ဆုံးလေယာဉ် MH370 ကိုရှာဖွေမှု ပြန်လည်လုပ်ဆောင်မည်။

လွန်ခဲ့တဲ့ ၃နှစ်ကျော်က မလေးရှားလေကြောင်းလိုင်းမှ ၂၃၉ဦးတင်ဆောင်ထားတဲ့ MH370 လေယာဉ်ဟာ မလေးရှားမြို့တော် ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ၏ မြို့တော် ဘေဂျင်းသို့ ၂၀၁၄ မတ်လတုန်းက ပျံသန်းနေချိန်မှာ ပျောက်ဆုံးခဲ့ပါတယ်။

လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာကို လမ်းကြောင်းမပြောင်းမီ လေယာဉ်ပေါ်မှပါလာသူ တစ်ယောက်ယောက်မှ အလိုအလျှောက်အချက်ပြ ကိရိယာကိုပိတ်လိုက်တာဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူများက ယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလက တရုတ်နဲ့ မလေးရှားအစိုးရတို့ဟာ အဆိုပါပျောက်ဆုံးလေယာဉ်အား ရှာဖွေမှုဟာ မအောင်မြင်တဲ့အတွက် ရပ်တန့်လိုက်ပါတယ်။

သို့သော် အခုနှစ် ဇန်နဝါရီလ ၈ရက်မှာတော့ ကမ္ဘာ့အကြီးဆုံး လေကြောင်းဆိုင်ရာ ဒဏ္ဍာရီကို အမေရိကန်အခြေစိုက် ရှာဖွေရေးအဖွဲ့က အဖြေရှာဖို့ရန်အတွက် ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထပ်မံရှာဖွေမှာ ဖြစ်တယ်လို့ မလေးရှားအရာရှိများ ကြေငြာချက်အရသိရပါတယ်။

ယခင်ရှာဖွေခဲ့စဉ်က လေယာဉ်၏ အပျက်အစီးအစိတ်အပိုင်း တော်တော်များများကို အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းတွေနဲ့ အာဖရိကတိုက် အရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက်က ကမ်းခြေတွေမှာ ကောက်ယူရရှိခဲ့ပါတယ်။ ၎င်းကောက်ယူရရှိခဲ့တဲ့ အစိတ်ပိုင်းတွေထဲမှ ၃ခုကိုတော့ ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်းတွေဖြစ်ကြောင်း အတည်ပြုထားတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *