ပျော်ရွှင်စွာနေထိုင်ဖို့အတွက် ရပ်တန့်သင့်တဲ့အရာများ

ဘဝဆိုတာ တိုတောင်းပါတယ်။ ခဏတာရရှိတဲ့ ဘဝကို ပျော်ရွှင်အောင် နေထိုင်ဖို့လည်း လိုပါတယ်။ ဘဝကြီးကို ပျော်ရွှင်စွာနေထိုင်ဖို့ သင်ကိုင်စွဲထားတဲ့ တစ်ချို့အရာတွေကို ရပ်တန်းကရပ်လိုက်သင့်ပါပြီ။ ဘယ်လိုအရာတွေကို ရပ်တန့်ဖို့လိုအပ်နေပြီလဲ? လေ့လာကြည့်ကြရအောင်။

မကျေမနပ်နဲ့ အထွန့်တက်ခြင်း

အထွန့်တက်ဖို့ဆိုတာက အရမ်းလွယ်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်ရော၊ ဘေးလူတွေအတွက်ပါ မကောင်းနိုင်တဲ့ အကျင့်တစ်ခုပါ။ သင့်ရဲ့မကျေနပ်ချက်တွေကို စကားလုံးတွေနဲ့ပေါက်ကွဲတာက ကိုယ်လည်း ပိုပြီးစိတ်ရှုပ်ထွေးရပြီး သူများတွေလည်း စိတ်မချမ်းမသာ ဖြစ်ရပါတယ်။

ယုံကြည်ချက်ကို ကန့်သတ်ခြင်း

ပျော်ရွှင်တတ်တဲ့လူတွေက သူတို့ရဲ့ ယုံကြည်ချက်တွေကို ဘယ်တော့မှ ကန့်သတ်ထားလေ့မရှိကြပါဘူး သူတို့ရဲ့ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်တွေကြောင့် ဘယ်တော့မှ မရုန်းကန်ကြရပါဘူး။ ဒါကြောင့် ပျော်ရွှင်ချင်တယ်ဆိုရင် ယုံကြည်ချက်တွေကို မကန့်သတ်ပါနဲ့။

အတိတ်ထဲမှာ ပိတ်မိနေခြင်း

အတိတ်အကြောင်းတွေကနေ ရုန်းမထွက်နိုင်ဘူးဆိုရင် သင့်ရဲ့ပျော်ရွှင်မှုတွေကို သင်ကိုယ်တိုင် သတ်ပစ်နေသလို ဖြစ်နေပါလိမ့်မယ်။ အတိတ်ထဲမှာပဲ ပိတ်မိနေမယ်ဆိုရင်တော့ သင်ကပျော်ရွှင်ရမယ့်အစား စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ သံသယတွေနဲ့သာ အချိန်ကုန်ဆုံးသွားမှာပါ။

သူတစ်ပါးကို ရှုံ့ချ အပြစ်ပြောခြင်း

ဘဝကို မပျော်မရွှင်ဖြတ်သန်းနေသူတွေဟာ တစ်ခုခုအမှားရှိခဲ့ရင် တစ်ပါးသူကို အပြစ်ဖို့တတ်ကြပါတယ်။ တာဝန်ယူဖို့ထက် အပြစ်တင်ဖို့ကိုသာ ကျင့်သုံးတတ်ကြပါတယ်။ အဲ့ဒီအကျင့်ကြောင့် ဘဝမှာ ပျော်ရွှင်မှုဆိုတာတွေ ရှိလာနိုင်မှာ မဟုတ်ပါဘူး။

ပြောင်းလဲခြင်းကို လက်မခံခြင်း

အရာအားလုံးက မတည်မြဲပါဘူး။ အမြဲပြောင်းလဲနေတာပါ။ ပြောင်းလဲခြင်းကို လက်မခံနိုင်တဲ့သူတွေက ပြဿနာကိုပဲ အာရုံစိုက်ပြီး ဖြေရှင်းနည်းကို ဂရုမစိုက်ကြပါဘူး။ အဆိုးမြင်မှုတွေကိုပဲ ပိုင်ဆိုင်တဲ့သူတွေ ဖြစ်တာကြောင့် ဘယ်တော့မှလည်း ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *