ပြင်သစ်နိုင်ငံတွင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ကန့်ကွက်ဆန္ဒပြ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် ကျားမ ကွဲပြားခြင်းကြောင့် မမျှမတ ဆက်ဆံခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ လူရာချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ အစိတ်အပိုင်းလည်းဖြစ်ပါတယ်။

ပြင်သစ် သမ္မတ အီမန်နူယယ် မက်ခွန်သည် အမျိုးသမီးများကို အကြမ်းဖက်မှု ထိန်းချုပ်ရေး အစီအမံတွေကို ပြောဆိုအပြီးတွင် နာရီနဲ့ချီကြာအောင် ပါရီမြို့လယ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အထက်တန်းကျောင်းသား ကျောင်းသူတွေကို ပညာပေးနေနဲ့ ကာမရာဂစိတ်ဖြစ်အောင် ဘယ်လို လှုံ့ဆော်မှုတွေပြုလုပ်တယ် ဘယ်လိုအဓမ္မပြုကျင့်တယ် ထိုသို့ဖြစ်လာရင်မည်သို့ပြန်လည်တိုက်ခိုက်ရမည် ဆိုတာတွေနဲ့ ရဲကိုဘယ်လိုတိုင်းကြားရမယ် ဆိုတဲ့ စနစ်တွေကို သမ္မတ မက်ခွန်းကပြောကြားခဲ့တာပါ။

အမျိုးသမီးဝါဒီ အုပ်စုတွေက သမ္မတရဲ့ပြောကြားချက်အချို့ကို လက်ခံခဲ့ပြီး တချို့အတွက်တော့ မလုံလောက်တဲ့ ရန်ပုံငွေတွေ လိုအပ်မယ်လို့ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဟားဗေး ဝိန်းစတိန်ရဲ့ နာမည်ကြီး ဖြစ်ရပ်ကြောင့် ကာမဆိုင်ရာ နှိပ်စက်မှုနှင့်ဆိုင်တဲ့ သဘောထားတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ပြင်သစ်မှာ အရှိန်တက်လာခဲ့ခြင်းဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *