ပြင်သစ်နိုင်ငံအကြောင်း သိကောင်းစရာ

ပြင်သစ်နိုင်ငံဆိုတာ ကမ္ဘာ့အထင်ရှားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ခေတ်မီမြို့ပြတွေ၊ ပင်လယ်ကမ်းခြေတွေ၊ နှင်းတောင်တွေ၊ သစ်တောအလှတွေအားလုံး ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အခုတင်ဆက်ပေးလိုက်တာက ပြစ်သစ်နိုင်ငံမှာ ဘယ်အရာတွေ ကောင်းသလဲဆိုတာဖြစ်ပါတယ်။ ဘယ်လိုအရာတွေလဲဆိုတာကို ဖတ်ကြည့်ကြရအောင်။

ချိစ်

ကမ္ဘာတစ်ဝှမ်းမှာ ချိစ်ကောင်းကောင်းတွေ ရနိုင်တယ်ဆိုတာ မငြင်းနိုင်ပေမယ့် ပြင်သစ်နိုင်ငံမှာတော့ နေရာတိုင်းမှာ ချိစ်ကောင်းကောင်းတွေ ရနိုင်တာပါပဲ။

ဈေးဝယ်ထွက်ဖို့

ပါရီမြို့က စတိုးဆိုင်တွေမှာ ဈေးသက်သာတဲ့ တံဆိပ်ကနေ ထိပ်တန်းတံဆိပ်တွေအထိ ဝယ်ယူရရှိနိုင်ပါတယ်။ ဥပဒေအရလည်း နှစ်စဉ် ဇန်နဝါရီလနဲ့ ဇွန်လကုန်တိုင်းမှာ ဈေးနှုန်းလျှော့ချပြီး ရောင်းချလေ့ရှိကြတာကြောင့် ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာပါပဲ။

အထိန်းအမှတ်အဆောက်အအုံတွေ

ပါရီမြို့မှာရှိတဲ့ Louvre ပြတိုက်ဟာဆိုရင်လည်း ကမ္ဘာ့အကျော်ကြားဆုံး ပြတိုက်တွေထဲက တစ်ခုပါ။ ပြင်သစ်နိုင်ငံမှာ လှပပြီး ဗိသုကာလက်ရာမြောက်တဲ့ ပြတိုက်တွေ အများအပြားစုဝေးနေပါတယ်။

မြေအောက်ရထားများ

ပြင်သစ်နိုင်ငံက ရထားတွေဟာ လေယာဉ်ပျံထက်တောင် မြန်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ကျည်ဆံရထားမှ အမြန်ဆုံးရထားတွေထဲက တစ်ခုပါ။

ကားလမ်းပိတ်ခြင်း

နွေရာသီရဲ့ စနေနေ့တိုင်း၊ အမျိုးသားအားလပ်ရက်တိုင်းမှာ ယာဉ်မောင်းသူတိုင်းက အလွန်ရှည်လျားတဲ့ ကားတန်းရှည်ကြီးမှာ ပိတ်မိနေတဲ့ အတွေ့အကြုံကို ခံစားရမှာပါ။

ယဉ်ကျေးပျူငှာခြင်း

ပြင်သစ်တွေက ယဉ်ကျေးပျူငှာတဲ့လူမျိုးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရတဲ့လူမျိုးတွေ ဖြစ်ပါတယ်။

ဇိမ်ခံပစ္စည်းတွေ

Louis Vuitton ၊ Dior၊ Moët et Chandon စတဲ့ အမှတ်တံဆိပ်တွေက ပြင်သစ်နိုင်ငံထုတ်အမှတ်တံဆိပ်တွေပါ။ ပြင်သစ်နိုင်ငံဟာ ဇိမ်ခံပစ္စည်းတွေကြောင့်လည်း နာမည်ကြီးပါတယ်။

ဝန်ဆောင်မှုကောင်းခြင်း

ပြင်သစ်နိုင်ငံလောက် customer service ကောင်းတာမျိုးကို ဘယ်နိုင်ငံမှာမှ မြင်ဖူးမှာ မဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံရဲ့ ဝန်ဆောင်မှုပေးသူတိုင်းက ပျူငှာတဲ့ အပြုံးတွေနဲ့ သင်လိုအပ်သမျှကို ဝန်ဆောင်မှုပေးကြပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *