ပြင်သစ်နိုင်ငံ Jersey ရှိ ကျောင်းအုပ်ဆရာတစ်ဦး ရိုးတွင်းခြင်ဆီကို လှူဒါန်းပြီးနောက် သေဆုံး

ပြင်သစ်နိုင်ငံ Jersey ရှိ Westfield အထက်တန်းကျောင်းမှ အသက် ၄၄နှစ်ရှိပြီဖြစ်တဲ့ ကျောင်းအုပ် ဆရာကြီး အသစ် Derrick Nelson ဟာ သူ့ရဲ့ရိုးတွင်းခြင်ဆီကို ပြင်သစ်ရှိ ၁၄နှစ်သာရှိသေးတဲ့ သွေးမတော်သားမစပ် တစ်ခါမှ မတွေ့ဖူးတဲ့ ကလေးငယ်ကို လှူဒါန်းခဲ့ပြီး ဧပြီလ ၈ရက် တနင်္လာနေ့တွင် သေဆုံးသွားခဲ့ ပါတယ်။ အမေရိကန် စစ်တပ်မှာ အနှစ် ၂၀ တာဝန်ထမ်းဆောင်ပြီးနောက် ကျောင်းဆရာဖြစ်လာခဲ့တဲ့ Derrick Nelson ဟာ ကိုမာ ရောဂါ ဝေဒနာကို ခံစားနေရတဲ့ သူတစ်ဦးဖြစ်ပါတယ်။

သူဟာ စေ့စပ်ထားတဲ့သူတစ်ဦးဖြစ်သလို ၆နှစ်အရွယ်သမီးတစ်ယောက်လည်းရှိကြောင်း အသက် ၈၁နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ Derrick Nelson ၏ဖခင်ဖြစ်သူ Willie Nelson ပြောပြချက်အရသိရပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ လမှာ Derrick Nelson နှင့် သွေးအမျိုးအစားချင်းတူပြီး ရိုးတွင်းခြင်ဆီ ဝေဒနာခံစားနေရတဲ့ အသက် ၁၄နှစ်အရွယ် ကလေးဟာ သူ၏ဝေဒနာကို ကုသရန်အတွက် အလှူခံခဲ့တာဖြစ်ပါတယ်။ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် Derrick Nelson ဟာ လှူချင်တဲ့စိတ်ပေါက်ဖွားလာပြီး ဆရာဝန်နှင့် တိုင်ပင်ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ လှူဒါန်းခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းအုပ်ကြီး Derrick Nelson ဟာ ရိုးတွင်းခြင်ဆီကို လှူဒါန်းခဲ့ပြီးချိန်မှစပြီး အိပ်ရာထဲမှ မထနိုင်၊ စကားလည်း မပြောနိုင်တော့ပဲ သေဆုံးသည်အထိ အိပ်ရာထဲမှာပဲ နေသွားခဲ့ရတာဖြစ်ကြောင်း သူ၏ကျန်ရစ်သူ မိသားစုရဲ့ ပြောပြချက် အရသိရပါတယ်။ Westfield အထက်တန်းကျောင်း၏ junior ကျောင်းအုပ်ဆရာမ Marcela Avans က အခုလို ကျောင်းအုပ်ဆရာကြီးရဲ့လုပ်ရပ်ကို သူမအနေနဲ့ အလွန်ပင်လေးစားမိကြောင်း သူ့ဘဝမှာ ဒီလိုစိတ်ထားကောင်းတဲ့ လူမျိုး တစ်ခါမှမတွေ့ဖူးခဲ့ကြောင်းနဲ့ သူ့ရဲ့လေးစားလောက်တဲ့ အပြုအမှုကို သေသည်အထိ ရင်ထဲမှာကျန်ရှိနေ မှာဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *