ပြင်သစ် ဒီဂျစ်တယ်ရာဇဝတ်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဟက်ကာတွေထည့်ထားတဲ့ ဗိုင်းရပ်စ်ကိုတိုက်ဖျက်နိုင်ခဲ့

Windows OS ကိုအသုံးပြုထားတဲ့ ကွန်ပျူတာများတွင် Hackers များက Online မှတစ်ဆင့် Retadup လို့ခေါ်တဲ့ Virus ကိုထည့်သွင်းထားတာကို ပြင်သစ်ရဲ့ C3N လို့ခေါ်တဲ့ ဒီဂျစ်တယ် ပြစ်မှုဆိုင်ရာတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က သိရှိ သွားသောကြောင့် အမေရိကန်FBI နှင့် ပူးပေါင်းကာ Virus ကို တိုက်ဖျက်နိုင်ခဲ့တဲ့အတွက် ကမ္ဘာအနှံ့အပြားရှိ ကွန် ပြူတာပေါင်း ၈၅၀၀၀၀ ကို ကယ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ဟာ Hackers တွေ အဓိကအသုံးပြုနေတဲ့ ပဲရစ်ရှိ pirate server ကို ပိတ်ကာ Virus ကိုတိုက်ဖျက် ခဲ့တာဖြစ်ပြီး နောက်ထပ်မဖြစ်ပွားစေရန်အတွက်လည်း ကာကွယ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ Hacker များဟာ Retadup လို့ခေါ်တဲ့ Virus ကို ပြည်သူတွေအသုံးပြုနေတဲ့ ကိုယ်ပိုင် ကွန်ပျူတာများထဲသို့ Online မှ တစ်ဆင့် ထည့်ခဲ့တာဖြစ်ပြီး ထိုကွန်ပျူတာထဲရှိ အချက်အလက်များ Emailများနှင့် ဓာတ်ပုံများကို ခိုးယူကာ ငွေညှစ် ရန် ကြိုးစားနေတာဖြစ်ပါတယ်။ သို့သော် ပြင်သစ်ရဲများက ကြိုတင်ကာကွယ်နိုင်လိုက်တဲ့အတွက် Hackers တွေအနေနဲ့ ပြုလုပ်လို့မရတော့ဘူးဖြစ်ပါတယ်။ Hackers တွေက ဘယ်သူတွေလဲဆိုတာကို သိရှိဖို့အတွက် ဆက်လက် စုံစမ်းနေ တယ်လို့လည်းသိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *