ပြင်သစ် ရထားဘူတာတစ်ခုတွင် အကြမ်းဖက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပြင်သစ်နိုင်ငံ၊ Villeurbanne ဒေသ၊ Lyon မြို့ရှိ ရထားဘူတာတစ်ခုတွင် ဩဂုတ်လ (၃၁)ရက် စနေနေ့ ဒေသ စံတော်ချိန် 4:30 p.m လောက်၌ ဓားဖြင့်အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုအကြမ်းဖက်မှုကြောင့် အသက် (၁၉)နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၃)ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ Villeurbanne မြို့တော်ဝန် Jean-Paul Bret ၏ ပြောပြချက်အရသိရပါတယ်။ အခင်းဖြစ်ပွား ပြီး နောက် ရထားဘူတာမှ ထုတ်ပြန်ချက်အရ တစ်ဦးသေဆုံးကာ (၁၉)ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Lyon မြို့တော်ဝန် Gerard Collomb ၏ ပြောပြချက်အရ လက်ရှိမှာတရားခံကို ဖမ်းမိပြီး ဖြစ်သော်လည်း အကြောင်း ရင်းကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။ ဒေသတွင်း သတင်းမီဒီယာများ၏ထုတ်ပြန်ချက်အရတော့ တရားခံဟာ အသက်၃၃နှစ် အရွယ်ရှိ ရွေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

ပြင်သစ်ရဲ့ ပြည်ထဲရေးဝန်ကြီး Christophe Castaner က သေဆုံးသွားခဲ့တဲ့ အမျိုးသားနှင့် ကျန်ရစ်သူ မိသားစုတို့ အတွက် ဝမ်းနည်းကြောင်းစာကို Twitter တွင်ရေးသားခဲ့ပြီး ထိုအမှုနဲ့ပတ်သက်ပြီး ကွင်းဆက်ကိုဖော်ထုတ်ရန်အတွက် ပဲရစ်ရှိ အာဏာပိုင်များနှင့် ပူး ပေါင်းကာ ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.