ပြည်သူတွေအားရလောက်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့၇မိနစ် ၄၀ စက္ကန့်ကြာမိန့်ခွန်း

မြန်မာနိုင်ငံရဲ့ဒဿမမြောက် သမ္မတဖြစ်တဲ့ ဦးဝင်းမြင့်က ယနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အချိန် ၇ မိနစ် စက္ကန့် ၄၀ ကြာ မိန့်ခွန်းသစ်ကို မိန်းကြားလိုက်ပါတယ်။ရှေ့နေတစ်ဦးဖြစ်သလို ကျန်းမာရေးလည်း ကောင်းပုံရတဲ့ အတွက် သမ္မတကြီးရဲ့အသံဟာ ကြည်လင်ရှင်းလင်းနေပါတယ်။ သူရဲ့မိန့်ခွန်းစကားအရ နိုင်ငံ့တာဝန်ကို ကောင်းသင့်၊ မှန်ကန်၊လေးနက် တည်ကြည်စွာ ထမ်းဆောင်သွားမယ်လို့ ကတိပြုသွားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေးရည်မှန်းချက်တွေဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုး ရေးနဲ့ပြည်သူများရဲ့ လူမှုစီးပွာဘဝတိုးတက်မြင့်မားရေး(၂)အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေး(၃)ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွေကို ဦးတည် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မိန့်ကြားသွားခဲ့ပါတယ်။
ဒါ့အပြင် အသွင်ကူးပြောင်းရေးအောင်မြင်ဖို့အတွက် ပြည်သူတွေ၊အစိုးရဝန်ထမ်းတွေနဲ့ ပြည်သူ့ ဝန်ထမ်းတွေရဲ့ ပုံစံကျနေတဲ့ အတွေးနဲ့ အလေ့အထတွေကို ပြုပြင်ပြောင်းလဲကြဖို့လည်း မိန့်မှာသွား ပါတယ်။ပြုပြင်ဖို့နှောင့်နှေးနေတဲ့ ဋ္ဌာနတွေကို ကြပ်မတ်မယ့်အကြောင်း၊ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်မဲ့အကြောင်း၊အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက် ရမယ့်အကြောင်း၊လူ့အခွင့်ရေးချိုးဖေါက်ခံရမှုတွေကို မြှင့်တင်ကာကွယ်မယ့်အကြောင်း၊မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နှင်း မယ့်အကြောင်း၊ပြည်သူ့ဘဏ္ဍာငွေတွေ အလေအလွင့်မရှိအောင် စီမံခန့်ခွဲရမယ့်အကြောင်း၊ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေး၊နစ်နာကြေးရရှိရေးအတွက် ဥပဒေနဲ့အညီဆောင်ရွက်မယ့်အကြောင်း၊ တောင်သူ လယ်သမား၊ အလုပ်သမားတို့ရဲ့လူနေမှုဘဝသာယာစိုပြေရေးနဲ့ ကျောင်းသားလူငယ်တွေအဆင့်မြင့် ပညာသင်ယူနိုင်ရေး အတွက် ဆောင်ရွက်သွားဖို့မိန့်ကြားသွားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး ၃ ရပ် ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ တိုင်းပြည်အတွက် အရေးပါတဲ့ သတင်းမီဒီယာကို အလေးအနက်ထားဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြည်သူတွေမြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရဖို့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန်ပူး ပေါင်းဆောင်ရွက်သွာမယ်လို့ မိန့်သွားခဲ့ပါတယ်။ ကဏ္ဍပေါင်းစုံကိုလွှမ်းခြုံပြောသွားခဲ့တဲ့ သမ္မတကြီးရဲ့ မိန့်ခွန်းက ပြည်သူတွေကို အားရကျေနပ်စေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာ တိုးတက် ပါစေ။

Leave a comment

Your email address will not be published. Required fields are marked *