ပြည်သူ ၃ ဦးက Los Angeles ရဲမှူးကြီးကို ကယ်တင်ခဲ့

California ပြည်နယ်၊ Los Angeles ခရိုင်၊ Whittier မြို့ရှိ စတိုးဆိုင်တစ်ခုတွင် ဩဂုတ်လ ၂၅ရက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် 3 p.m ၌ အိမ်ခြေမဲ့လူတစ်ဦးက ဆိုင်ထဲသို့ ဝင်မွှေနေသဖြစ် California ရဲဌာနမှ အသက်၂၃နှစ် အရွယ် လက်ထောက်ရဲမှူးကြီးက ထိုသံသယရှိသူကို ဖမ်းဆီးရာတွင် သံသယရှိသူက ပြန်လည်တိုက်ခိုက်သဖြစ် ရဲမှူး ကြီးနဲ့ လုံးထွေးရင်း ရဲမှူးကြီး၏သေနတ်ကို သံသယရှိသူက ရသွားခဲ့ပါတယ်။ထိုအချိန်တွင်ရဲမှူးကြီးကလက်ကို နောက် ပစ်ထားရန် အော်လိုက်တဲ့အသံကိုကြားသဖြစ် အနီးအနားတွင်ရှိတဲ့ Brian Whitney က ဝင်ရောက် ကူညီ ပေးခဲ့ ပါ တယ်။

Brian Whitney က ဝင်ရောက်တိုက်ခိုက်ပြီးနောက် La Mirada နှင့် Norwalk တို့ကပါ ဝင်ရောက်လာခဲ့ပြီး သံသယ ရှိသူကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပါတယ်။ ထိုသို့ ရဲမှူးကြီးအား ကူဖမ်းပေးနေခြင်းကို အနီးအနားရှိ လုံခြုံရေးကင်မရာ ဗီဒီ ယိုမှ တစ်ဆင့် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ သံသယရှိသူ ဆုပ်ကိုင်မိထားသော ရဲမှူးကြီးရဲ့သေနတ်ကို ပြည်သူတစ်ဦးက အဝေးသို့ ဖယ်ရှားလိုက်ခြင်းကို ဗီဒီယိုထဲတွင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ထိုသို့ ကူညီပေးခဲ့သော ပြည်သူ(၃)ဦးလုံးကို လက်ထောက်ရဲမှူးကြီးက အလွန်ပင်ကျေးဇူးတင်ကြောင်းပြောကြားခဲ့သလို ဩဂုတ်လ ၂၆ရက် တနင်္လာနေ့တွင် Los Angeles ရဲဌာနမှ ဗိုလ်ကြီး Jim Tatreau ကလည်း ကျေးဇူးတင်ကြောင်း နှင့် ယခုလို စိတ်ဓာတ်ပြည့်ဝပြီး အားကိုးရတဲ့ပြည်သူတွေရှိနေခြင်းကိုလည်း Los Angeles ရဲဌာနက အလွန်ပင် ဂုဏ် ယူမိကြောင်း Twitter မှာ ရေးသားခဲ့ပါတယ်။

Source : FOX News

 

Leave a comment

Your email address will not be published. Required fields are marked *