ပြိုင်ကားတွေရဲ့ အနာဂတ် ။

ပြိုင်ကားတွေရဲ့ မျိုးဆက်သစ်တွေက အရင်တုန်းကလို အင်ဂျင်သံ တစ်ဝူးဝူးနဲ့ မောင်းတဲ့ခေတ်က ကုန်စပြုလာပါပြီ။ ကားတွေရဲ့အနာဂတ်ကလည်း လျှပ်စစ်ကားတွေဖက်ကို ကူးပြောင်းလာပါပြီ။ အခုဆို လူတိုင်းသိကြတဲ့ Formula One ကားတွေတောင် Formula E အဖြစ်ပေါ်လာပါပြီ။ Formula E ဆိုတာက Formula One လိုမျိုးပြိုင်ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်လုံးဝမပါတဲ့ လျှပ်စစ်စွမ်းအင်သုံးကားတွေ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်ပဲ အသုံးပြုတာကြောင့် ဆီခဏခဏဖြည့်စရာမလို၊ ဆူညံမှုသံလုံးဝမရှိ၊ အမြန်နှုန်းကို စိတ်ကြိုက်မောင်းနိုင်တာကြောင့် လျှပ်စစ်ကားတွေကို ပြိုင်ပွဲတွေအတွက်ပါ အသုံးပြုလာကြပြီဖြစ်ပါတယ်။

Formula E ကားမောင်းမယ်ဆို ဒီအတိုင်းကားပေါ်တတ်မောင်းလို့ မရပါဘူး။ အရင်ဆုံး လေ့ကျင့်ခန်း (Simulator) ထဲမှာ နာရီနဲ့ချီကြာပြီး လေ့ကျင့်ရပါတယ်။ ပြီးရင် Formula One ကားမောင်းခွင့် လိုင်စင်တွေ ရှိမှ မောင်းလို့ရပါတယ်။ Formula -E ပြိုင်ကားတွေရဲ့ အမြန်နှုန်းကို ပြောပြပါမယ်။ ၁နာရီကို ၁၇၄ မိုင် အမြန်နှုန်းနဲ့ သွားလို့ရပါတယ်။ 174 mph speed က တော်တော်လေးကို မြန်ပါတယ်။ ဒီလို speed ကို အင်ဂျင်ကားလည်း ရမယ်ဆို 3 seconds အချိန်မှာ 0 to 60 miles ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Electric Car တွေက ရောက်နိုင်ပါတယ်။ Formula-E က ဒီ speed ကို လုံးဝသွားနိုင်ပါတယ်။ Formula -E ရဲ့ မျိုးဆက်က အခုဆို second generation တောင် ရောက်နေပါပြီ။ နောက်တတ်လာမယ့် မျိုးဆက်သစ်တွေအားလုံးအတွက်ကတော့ လျှပ်စစ်ကားတွေပဲ မြင်တွေ့လာမှာဖြစ်ပြီး အင်ဂျင်ကားတွေက တော်တော်လေးကို အရေအတွက် နည်းပါးလာပါလိမ့်မယ်။

 

Leave a comment

Your email address will not be published. Required fields are marked *