ဖင်လန်နိုင်ငံ Helsinki တွင် ဗလတောင့်တောင့်နဲ့ မျောက်တစ်ကောင်ကို တွေ့ရှိ

ဓာတ်ပုံဆရာတစ်ဦးဟာ ဖင်လန်နိုင်ငံ Helsinki ရှိ Korkeasaari တိရိစ္ဆာန်ဥယာဉ်သို့ သွားရောက်လည်ပတ်စဉ် ပုံ ထဲကအတိုင်း ဗလတောင့်တောင့်နဲ့ မျောက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ဓာတ်ပုံဆရာ Santeri Oksanen ဟာ အဆိုပါ မျောက်ကို တွေ့တဲ့အချိန်မှာ သူ့ရဲ့ မျက်စိကိုတောင် သူ မယုံကြည်ခဲ့ဘူးလို့ ပြောပါ တယ်။အဲဒီမျောက်နဲ့ အမျိုးတူတဲ့မျောက်တွေဟာ သူ့ကိုကြောက်တဲ့ ပုံစံနဲ့ သူ့နဘေးမှာ ဝိုင်းနေပြီး သူတစ်ကောင်တည်း သာ ဗလတောင့်တောင့်နဲ့ အကောင်ကြီးနေတာဖြစ်တယ်လို့ သိရပါတယ်။Santeri Oksanen က အဲဒီမျောက်ကို တွေ့ရ တာ ကာယဗလ ပြိုင်ပွဲဝင်တစ်ယောက်ကို တွေ့လိုက်ရသလိုပဲလို့ ပြောပါတယ်။

အဆိုပါမျောက် အမျိုးအစားတွေကို saki လို့ခေါ်ပြီး အထီးတွေကသာ မျက်နှာဖြူပြီး ဗလရှိပါတယ်။ အမတွေကတော့ မွဲတဲ့ အရောင်ရှိပါတယ်။ saki တွေဟာ သစ်ပင်တစ်ပင်နဲ့တစ်ပင်ကို သူတို့ရဲ့ လက်ရှည်ကြီးတွေနဲ့ လွှဲကူးရင်းနဲ့ပဲ သူတို့ရဲ့ ဘဝကို ကုန်ဆုံးတတ်ကြပါတယ်။အဆိုပါ မျောက်အမျိုးအစားတွေထဲက မျောက်အထီးတွေဟာ မျောက် အမတွေ ထက်ပိုမိုပေါ့ပါးပြီး လျှင်မြန်သွက်လက်ကြပါတယ်။ ၎င်းတို့ရဲ့ ခန္ဓာကိုယ်ကို ခဲရောင်၊ အနီရောင်နှင့် အညိုတို့ ရော နှောထားသော အမွှေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ saki တွေရဲ့ ဇာတိကတော့ မြောက်အမေရိက ဖြစ်ပြီး Brazil, French,Guiana, Guyana, Suriname နဲ့ Venezuela တို့မှာ တွေ့ရတတ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *