ဖလော်ရီဒါကမ်းခြေတွင် တစ်ရက်အတွင်း ငါးမန်းတိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ပွား

ဖလော်ရီဒါပြည်နယ် Atlantic ကမ်းရိုးတန်းရှိ New Smyrna ကမ်းခြေတွင် ရုံးပိတ်ရက်ဖြစ်တဲ့ ဩဂုတ်လ (၃)ရက် စ နေနေ့တစ်ရက်ထဲ မိနစ်ပိုင်းအတွင်းမှာပဲ ငါးမန်းတိုက်ခိုက်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်ခံရသူတစ်ဦးဟာ အမျိုးသမီးဖြစ်ပြီး နောက်တစ်ဦးကတော့ အမျိုးသားဖြစ်တယ်လို့ သိရှိရပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန်က လူစည်ကားတဲ့ စနေနေ့ ညနေခင်းမှာဖြစ်ပြီး New Smyrna ကမ်းခြေတွင် ပထမ ဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။ ၂၃နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ငါမန်းကိုက်ခြင်းခံရသဖြင့် သူမ၏ ဘယ်ဘက်လက်နှင့် လက် ကောက်ဝတ်တွင် ဒဏ်ရာရရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးများက သူမအားကယ်တင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ရန် အရေးပေါ် ကားပေါ်တင်လိုက်ပြီး ၁မိနစ်ခန့် အကြာတွင် အသက် ၂၁နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာလည်း Volusia County ကမ်းခြေတွင် ထပ်မံ၍ငါးမန်းကိုက်ခြင်းခံရတာဖြစ်ပါတယ်။ သူ၏ခြေထောက်တစ်ဖက်တွင် အသေးစား ဒဏ်ရာများစွာ ရရှိ ခဲ့တယ်လို့ သိရှိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့၏ ပြောပြချက်အရ ငါးမန်းတိုက်ခိုက်ချိန်တွင် ရေထဲရှိ လူ ၃၀ လောက်ကို ခက်ခက်ခဲခဲဖြင့် ကယ်တင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စနေနေ့တွင် ဖြစ်ပွားခဲ့တဲ့ ငါးမန်းတိုက်ခိုက်မှု အပါအဝင်ဆိုလျှင် တစ်နှစ်အတွင်း Florida ကမ်းခြေ၌ ငါးမန်းတိုက် ခိုက်ခြင်းဟာ အကြိမ်(၃၀) အထိရှိပြီးဖြစ်ပါတယ်။ Florida ရှိ New Smyrna ကမ်းခြေဟာ သွားရောက် လည်ပတ် သူများသလို နှစ်စဉ်နှစ်တိုင်း ငါးမန်းတိုက်ခိုက်မှုကို ခံနေရတဲ့ ကမ်းခြေတစ်ခုဖြစ်တဲ့အတွက် တစ်ချို့ကတော့ ကမ္ဘာ့ ငါးမန်း တိုက်ခိုက်မှု မြို့တော်ဟု တင်စားခေါ်ဝေါ်နေကြပါတယ်။

Source : FOX News

Leave a comment

Your email address will not be published.