ဖလော်ရီဒါမှ ဆယ်ကျော်သက် ကျောင်းသူ ၂ ဦးက လူ ၉ ဦးကိုသတ်ရန် အစီအစဉ်ဆွဲထားသည်ကိုတွေ့ရှိ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ရှိ Avon Park အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသော ၁၄နှစ် အရွယ် မိန်းကလေးကျောင်းသူ ၂ ဦးထံမှ လူ ၉ ဦးကို သတ်ရန် အစီအစဉ်ရေးဆွဲထားတဲ့ စာရွက်စာတမ်းတွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက် ဗုဒ္ဓဟူးနေ့မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကျောင်းသူ၂ ဦးကို အချုပ် ချထားပြီး အမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တရားရုံးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကျောင်းမှ ဆရာမတစ်ဦးပြောပြချက်အရ အဲဒီစာရွက်စာတမ်းတွေကို စတင်တွေ့ရှိချိန်မှာ ကျောင်းသူ၂ ဦးဟာ အလွန်ထိတ်လန့် နေတဲ့ အနေအထားကို မြင်တွေ့ခဲ့ရတဲ့အတွက် စိတ်သက်သာရာရစေဖို့ စနောက်ပြီး စစ်ဆေးတာဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

ထိုကျောင်းသူ ၂ ဦးရဲ့ အစီအစဉ်ထဲမှာ လူ ၉ ဦးကို သတ်မှာဖြစ်ပြီး၊ ၃ဦးကို ပြန်ပေးဆွဲမည့်အကြောင်း ရေးထားပါတယ်။ အစီအစဉ်ကတော့ စနစ်တကျရေးဆွဲထားတယ်လို့ပြောရမှာဖြစ်ပါတယ်။ သူတို့အစီအစဉ်ထဲမှာ သေနတ်ကို ဘယ်လို ရယူမည့်အကြောင်း၊ သတ်ရမည့်လူစာရင်း၊ သတ်မည့်အစီအစဉ်၊ သက်သေခံပစ္စည်းတွေကို ဖျောက်ဖျက်မည့် အစီအစဉ် နှင့် အလောင်းတွေကို မီးရှို့ဖျက်ဆီးပြီး၊ မြေမြှပ်မည့်အစီအစဉ်များ ပါဝင်တယ်လို့သိရပါတယ်။

ထို့အပြင် သတ်မည့်အချိန်တွင် ဝတ်ဆင်ရမည့် အဝတ်အစားနှင့် လက်သည်းမပါရ၊ ဆံပင်ကို မတွေ့အောင် ဖုံးထား ရမည်ဆိုတဲ့ စည်းကမ်းချက်များလည်းပါဝင်ပါတယ်။ သူတို့ရဲ့ အစီအစဉ်ဆွဲထားတာ စာရွက်စာတမ်း စာအုပ်အပေါ်မှာ “Private info”, “Do not open,” and “Project 11/9” လို့လည်း ရေးသားထားတယ်လို့ သိရပါတယ်။ Highlands Country ရှိရဲစခန်းမှ ပြောခွင့်ရ ရဲအရာရှိ Scott Dressel က သူမတို့ရဲ့ အစီအစဉ်ဟာ ဟာသ တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တော့ ကိစ္စမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ လူသတ်ဖို့ အစီအစဉ်ကိုတော့ ဟာသတစ်ခုအနေဖြင့် ဆွဲမှာ မဟုတ်ဘူးလို့ ဝေဖန်သူများကတော့ ပြောဆိုနေကြပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *