ဖလော်ရီဒါရှိ Lake Mary အထက်တန်းကျောင်းမှ ကျောင်းသူလေးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

မတ်လ ၁၃ရက်နေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၇နာရီ ၄၅မိနစ်ခန့်မှာ ဖလော်ရီဒါ ရှိ Lake Mary အထက်တန်း ကျောင်းမှ ကျောင်းသူလေးတစ်ဦးဟာ သူ့ကိုယ်သူ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။အသက်၁၇နှစ် အရွယ်သာရှိ သေး တဲ့ ကျောင်းသူလေးဟာ မနက် ၇နာရီ ၄၅မိနစ်ခန့်မှာ သူမရဲ့အတန်းပိုင် ဆရာမထံ သန့်စင်ခန်းသွားခွင့် တောင်းခဲ့တယ် လို့ သိရပါတယ်။ ဆရာမက ခွင့်ပြုပြီးနောက် ၅မိနစ်ခန့်အကြာမှာပဲ သေနတ်အသံကြားတဲ့ အတွက် ကျောင်းရှိ သူနာပြု တစ်ယောက်က သန့်စင်ခန်းသို့ ပြေးသွားခဲ့ရာ ရေချိုးကန်ထဲမှာ သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့ ကျောင်းသူလေးကို တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။ သူနာပြုက ကျောင်းသူလေးရဲ့ အသက်ကို ကယ်ဖို့ကြိုးစားခဲ့ပေမယ့် မကယ်တင်နိုင်ခဲ့ဘူးလို့ သိရှိ ရပါတယ်။

Lake Mary အထက်တန်းကျောင်းဟာ ကျောင်းထဲသို့မဝင်မီမှာ အစောင့်များက စစ်ဆေးမှုပြုလုပ်ပြီးမှ ကျောင်းထဲ သို့ ဝင်ခွင့်ရှိတဲ့ကျောင်းဖြစ်ပါတယ်။အဆိုပါ ကျောင်းသူလေးဟာ သေနတ်ကို ကျောင်းထဲသို့ ဘယ်လိုနည်းနဲ့ သယ် ဆောင်သွားသလဲ ဆိုတာကို တာဝန်ရှိသူတွေက စစ်ဆေးနေကြတယ်လို့ သိရပါတယ်။ဒီကိစ္စကြာင့် ကျောင်းကိုလည်း တစ်ရက် ပိတ်ထားတယ်လို့ သိရပါတယ်။

ရဲအရာရှိ Dennis Lemma ရဲ့ ပြောပြချက်အရ အခင်းဖြစ်ပွားတဲ့အချိန်မှာ ကျောင်းအစောင့်တွေလည်း မရှိသလို ကျောင်းသားတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။ တာဝန်ရှိသူတွေက အခင်းဖြစ်ပြီးနောက် ကျောင်းသူလေးရဲ့ အ ဖေကို ဖုန်းဆက် ခေါ်ယူခဲ့ပြီး၊ ဖလော်ရီဒါ အပြင်ဘက်မှာရောက်နေတဲ့ သူမ၏ မိခင်ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါ တယ်။
အရာရှိ Dennis Lemma က မိမိကိုယ်ကို သတ်သေလောက်အောင် ဒီကောင်မလေးမှာ ဘယ်လောက်ထိ ကြီးမားတဲ့ အခက်အခဲတွေရှိနေလဲ၊ ဒီလိုမျိုး ကိုယ့်ကိုယ်ကို သတ်သေတဲ့ လူတွေဟာ စိတ်ကျဝေဒနာကို ခံစားနေရတဲ့ လူတွေပဲ အဖြစ်များတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ထိုကဲ့သို့ စိတ်ကျဝေဒနာခံစားနေရတဲ့ သူတွေကို စောင့်ရှောင့်ပေးကြဖို့၊ ချစ်ခင်ပေးကြဖို့ နဲ့ အားပေးမှုတွေ လုပ်ပေးကြဖို့ကိုလည်း Dennis Lemma ကတိုက်တွန်းခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *