ဖလော်ရီဒါ မှ လက်ထောက်ရဲအရာရှိ Scot Peterson အချုပ်မှလွတ်လာ

ဖလော်လီဒါ ပြည်နယ်Broward ခရိုင် Parkland မြို့ရှိ လက်ထောက်ရဲအရာရှိ Scot Peterson ဟာ ဇွန်လာ (၆) ရက်နေ့တွင် Broward ခရိုင်တရားရုံးမှ အပြစ်ဖြေလျော့ပေးလိုက်တဲ့အတွက် အချုပ်မှလွှတ်မြောက်ခဲ့ကြောင်း သိရှိ ရပါတယ်။ Scot Peterson ဟာ ၂၀၁၈ ခုနှစ်တုန်းက Parkland ရှိ ကျောင်းတွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြစ်မှု ပေါင်း (၁၁)မှုဖြင့် တရားစွဲခြင်း ခံထားရသူဖြစ်ပါတယ်။

ကြာသပတေးနေ့က ချမှတ်လိုက်တဲ့အမိန့်တွင် အသက် (၅၆)နှစ်ရှိပြီဖြစ်တဲ့ Scot Peterson ရဲ့ ပြစ်မှုတစ်ချို့ကို ဖြေ လျော့ပေးခဲ့တဲ့အပြင် အာမခံကြေးကိုပါ လျော့ပေးခဲ့တယ်လို့သိရပါတယ်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် Marjory Stoneman Douglas အထက်တန်းကျောင်း၌ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ (၁၇)ဦးသေဆုံးခဲ့ရပါတယ်။ ထိုအမှုနှင့် ပတ်သက်ပြီး Scot Peterson ကို ကလေးများအား ဂရုမစိုက်မှု၊ တာဝန်ပျက်ကွက်မှုနှင့် မုသားသက်သေခံမှု တို့ ဖြင့်တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ အမှုအတိုင်းဆိုရင် သူဟာ ထောင်အနှစ် (၁၀၀)အထိ ကျနိုင်တာ ဖြစ်ပါတယ်။

သို့သော် ကြာသပတေးနေ့တရားစီရင်ချက်တွင် Scot Peterson ဟာ အာမခံကြေး $102,000 တွင် စရံငွေအဖြစ် $39,500 ပေးဆောင်ပြီး အချုပ်မှလွှတ်မြောက်ခဲ့ကာ အိမ်တွင်နေထိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သူ့အမှုကို မဖြေ လျော့ ခင်က သူပေးဆောင်ရမယ့် အာမခံကြေးဟာ $330,000 ဖြစ်တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် (၂၀) အရွယ်ရှိ တရားခံ Nikolas Cruz ဟာ ပြစ်မှုထင်ရှားသဖြစ် သေဒဏ်ချမှတ်ခြင်း ခံရမှာဖြစ်သော်လည်း တစ်ကျွန်း ဒဏ်ကို ဖြေလျော့ပေးဖို့အတွက် လျှောက်ထားတာဖြစ်ကြောင်း တရားခံ၏ရှေ့နေပြောပြချက်အရသိရပါတယ်။

Scot Peterson ရဲ့ ရှေ့နေ Joseph DiRuzzo ရဲ့ပြောပြချက်အရ Scot Peterson ဟာ သူတို့ စွပ်စွဲထားသလို တိုက်ရိုက်ပတ်သက်မှုမရှိကြောင်း၊ အခင်းဖြစ်ပွားစဉ်ကလည်း Scot Peterson မှာ ကလေးများကို ကာကွယ်ရန် အ တွက် သေနတ်ကိုင်ဆောင်ထားခြင်းမရှိကြောင်းနှင့် အခင်းဖြစ်ပွားစဉ်ကလည်း Scot Peterson ဟာ ကျောင်းရဲ့ အ ပြင်ဘက်မှာရှိနေတာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ သို့သော် ယခုအထိတော့ Scot Peterson အပေါ်စွဲဆိုထား တဲ့ ပြစ်မှုတွေကျန်နေသေးတာဖြစ်တဲ့အတွက် အမှုကို ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Source : Time News

Leave a comment

Your email address will not be published. Required fields are marked *