ဖိလစ္ပိုင္ေတာင္ပိုင္း မာရာ၀ီျမိဳ႕တြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ေသဆံုးသူ ၆၀၀ နီးပါးျဖစ္လာ

ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္း မာရာ၀ီျမိဳ႕ကို IS အၾကမ္းဖက္မ်ားက သိမ္းပိုက္ထားျပီး ေမလ ၂၃ ရက္ေန႕မွ စတင္၍ တိုက္ပြဲ ျဖစ္ပြားေနျခင္း ျဖစ္သည္။ မာရာ၀ီျမိဳ႕ေတာ္သည္ ဖိလစ္ပိုင္ႏို္င္ငံ၏ တစ္ခုတည္းေသာ အစၥလာမ္ဘာသာ၀င္မ်ား စုေ၀းေနထိုင္သည့္ ျမိဳ႕ေတာ္ျဖစ္ျပီး လက္ရွိတြင္ အၾကမ္းဖက္မ်ား၀င္ေရာက္စီးနင္းခဲ့ေသာေၾကာင့္ ေက်ာင္းမ်ား၊ ေဆးရုံမ်ားႏွင့္ အစိုးရအေဆာက္အအံုမ်ား ပ်က္စီးခဲ့ရသည္။

ဖိလစ္ပိုင္အစိုးရအေနျဖင့္ တိုက္ခိုက္ရန္ ခက္ခဲေသာ တိုက္ပြဲျဖစ္ျပီး ျမိဳ႕တြင္းရွိ လူမ်ားကို အၾကမ္းဖက္သမားမ်ားထံမွ အားလံုးကို မကယ္ဆယ္ႏုိင္သလို ေသဆံုးသူ အရပ္သားမ်ားလည္း ရွိသည္။ လက္ရွိတြင္ IS အၾကမ္းဖက္ ၄၀၀ ၀န္းက်င္ခန္႕၊ ဖိလစ္ပိုင္ စစ္သားႏွင့္ ရဲတပ္သားမ်ား ၉၃ ဦးေသဆံုးေၾကာင္း သိရွိရသည္။ အရပ္သား ၅၀ နီးပါးခန္႕ ေသဆံုးျပီး မၾကာမွီ ဒီထက္ပိုမိုျပင္းထန္လာႏိုင္ဖြယ္ရွိေၾကာင္း သိရွိရသည္။

soliders

IS အၾကမ္းဖက္မ်ားသည္ အေရွ႕အလယ္ပိုင္းတြင္သာမက အာရွႏိုင္ငံမ်ားကိုပါ ေျခကုပ္ယူႏိုင္ရန္ ၾကိဳးစားလ်က္ရွိျပီး ဖိလစ္ပိုင္အစိုးရအေနျဖင့္ ႏိုင္နင္းသြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Unicode : ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၆၀၀ နီးပါးဖြစ်လာ

marawi-tank

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ကို IS အကြမ်းဖက်များက သိမ်းပိုက်ထားပြီး မေလ ၂၃ ရက်နေ့မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ မာရာဝီမြို့တော်သည် ဖိလစ်ပိုင်နိုင်ငံ၏ တစ်ခုတည်းသော အစ္စလာမ်ဘာသာဝင်များ စုဝေးနေထိုင်သည့် မြို့တော်ဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက်များဝင်ရောက်စီးနင်းခဲ့သောကြောင့် ကျောင်းများ၊ ဆေးရုံများနှင့် အစိုးရအဆောက်အအုံများ ပျက်စီးခဲ့ရသည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် တိုက်ခိုက်ရန် ခက်ခဲသော တိုက်ပွဲဖြစ်ပြီး မြို့တွင်းရှိ လူများကို အကြမ်းဖက်သမားများထံမှ အားလုံးကို မကယ်ဆယ်နိုင်သလို သေဆုံးသူ အရပ်သားများလည်း ရှိသည်။ လက်ရှိတွင် IS အကြမ်းဖက် ၄၀၀ ဝန်းကျင်ခန့်၊ ဖိလစ်ပိုင် စစ်သားနှင့် ရဲတပ်သားများ ၉၃ ဦးသေဆုံးကြောင်း သိရှိရသည်။ အရပ်သား ၅၀ နီးပါးခန့် သေဆုံးပြီး မကြာမှီ ဒီထက်ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

soliders

IS အကြမ်းဖက်များသည် အရှေ့အလယ်ပိုင်းတွင်သာမက အာရှနိုင်ငံများကိုပါ ခြေကုပ်ယူနိုင်ရန် ကြိုးစားလျက်ရှိပြီး ဖိလစ်ပိုင်အစိုးရအနေဖြင့် နိုင်နင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a comment

Your email address will not be published. Required fields are marked *