ဖိလစ္ပိုင္ႏိုင္ငံတြင္ မူးယစ္ေဆး၀ါးေရာင္းခ်သူ ၃၂ဦးအား တစ္ညထဲႏွင့္ အေသပစ္ခတ္ဖမ္းဆီး

ဖိလစ္ပိုင္ႏုိ္င္ငံတြင္ မူးယစ္ေဆး၀ါးေရာင္းခ်သူ ၃၂ ဦးအား တစ္ညထဲႏွင့္ ဖမ္းဆီးခဲ့ျပီး ၃၂ ဦးလံုးအား အေသပစ္ခတ္ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

ဘူလဂန္ျပည္နယ္တြင္ အထူး စစ္ဆင္ေရးအျဖစ္ ျပဳလုပ္ခဲ့ျပီး ေရာင္းခ်သူေတြဆီထံက ၀ယ္ယူဖို႕ အသြင္ယူမႈ ၂၀ နဲ႕ ေနရာေပါင္း ၁၄ ခုမွာ ရွာေဖြစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ တစ္ခ်ိန္ထဲမွာဘဲ စစ္ဆင္ေရးပါ ပါ၀င္တာ ျဖစ္ျပီး တစ္ညထဲနဲ႕ ေရာင္းခ်သူ ၃၂ ဦးကို အေသပစ္ခတ္ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။

ေရာင္းခ်သူ ၃၂ ဦးေသဆံုးျပီး အေပါင္းအပါ ၁၀၇ ဦးကို ဖမ္းဆီးလိုက္ႏုိင္ေၾကာင္း ထုတ္ျပန္ထားပါတယ္။ ဖိလစ္ပုိင္ သမၼတ ဒူတာေတးက ” ဒီလိုမ်ိဳး တစ္ညကို ၃၂ ဦးႏႈန္းနဲ႕ ေန႕တိုင္းပစ္သတ္ႏုိင္မယ္ဆိုရင္ တစ္ႏုိင္ငံလံုးမွာရွိတဲ့ မူးယစ္ေဆး၀ါးေရာင္းသူေတြအားလံုးကို ရွင္းႏုိင္မွာပါ ” လို႕ေျပာခဲ့ပါတယ္။

” လူမႈအဖြဲ႕အစည္းနဲ႕ လူအခြင့္အေရးသမားေတြကေတာ့ ဒီလိုေမးခ်င္ေမးမွာေပါ့ ၊ ဘာျဖစ္လို႕ သူတို႕ေတြကို ေသဆံုးျခင္းနဲ႕ အဆံုးသတ္ရလဲဆိုတာ၊ ဒါေပမယ့္ ေျဖႏုိင္တာ တစ္ခုကေတာ့ ဒီမူးယစ္ေဆး၀ါးကို ဒီအတုိင္း လႊတ္ထားလို႕မရဘူး၊ ငါတို႕ ထိန္းမႏုိင္ဘူး၊ သူတို႕က အဖမ္းဆီးမခံဘဲ ထြက္ေျပးဖို႕ ၾကိဳးစားေတာ့ သူတို႕ကိုယ္တိုင္ အေသခံသလိုေပါ့ ” ဟု ျပည္နယ္ ဒါရိုက္တာ အၾကီးတန္း ၾကီးၾကပ္ေရးမွဴး ကရမက္ က ေျပာလိုက္သည္။

ဖိလစ္ပိုင္ႏုိင္ငံသည္ မူးယစ္ေဆး၀ါးေရာင္း၀ယ္မႈမ်ားေသာ ႏိုင္ငံျဖစ္ျပီး သမၼတ ဒူတာေတးလက္ထက္တြင္ မူးယစ္ေဆး၀ါးအမႈကို ၾကမ္းတမ္းစြာ ကိုင္တြယ္လ်က္ရွိတယ္။ သမၼတဒူတာေတး တက္သည့္ အခ်ိန္မွ စ၍ လူေပါင္း ၆၀၀၀ ေက်ာ္ ေသဆံုးခဲ့ျပီး လူေပါင္း ၄ေသာင္းေက်ာ္ကို မူးယစ္ေဆး၀ါးအမႈျဖင့္ ေထာင္ခ်ဖမ္းဆီးထားေၾကာင္း သိရွိရသည္။

Unicode : ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းချသူ ၃၂ဦးအား တစ်ညထဲနှင့် အသေပစ်ခတ်ဖမ်းဆီး

drugs-case

ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းချသူ ၃၂ ဦးအား တစ်ညထဲနှင့် ဖမ်းဆီးခဲ့ပြီး ၃၂ ဦးလုံးအား အသေပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘူလဂန်ပြည်နယ်တွင် အထူး စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ပြီး ရောင်းချသူတွေဆီထံက ဝယ်ယူဖို့ အသွင်ယူမှု ၂၀ နဲ့ နေရာပေါင်း ၁၄ ခုမှာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာဘဲ စစ်ဆင်ရေးပါ ပါဝင်တာ ဖြစ်ပြီး တစ်ညထဲနဲ့ ရောင်းချသူ ၃၂ ဦးကို အသေပစ်ခတ်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ရောင်းချသူ ၃၂ ဦးသေဆုံးပြီး အပေါင်းအပါ ၁၀၇ ဦးကို ဖမ်းဆီးလိုက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ” ဒီလိုမျိုး တစ်ညကို ၃၂ ဦးနှုန်းနဲ့ နေ့တိုင်းပစ်သတ်နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ မူးယစ်ဆေးဝါးရောင်းသူတွေအားလုံးကို ရှင်းနိုင်မှာပါ ” လို့ပြောခဲ့ပါတယ်။

” လူမှုအဖွဲ့အစည်းနဲ့ လူအခွင့်အရေးသမားတွေကတော့ ဒီလိုမေးချင်မေးမှာပေါ့ ၊ ဘာဖြစ်လို့ သူတို့တွေကို သေဆုံးခြင်းနဲ့ အဆုံးသတ်ရလဲဆိုတာ၊ ဒါပေမယ့် ဖြေနိုင်တာ တစ်ခုကတော့ ဒီမူးယစ်ဆေးဝါးကို ဒီအတိုင်း လွှတ်ထားလို့မရဘူး၊ ငါတို့ ထိန်းမနိုင်ဘူး၊ သူတို့က အဖမ်းဆီးမခံဘဲ ထွက်ပြေးဖို့ ကြိုးစားတော့ သူတို့ကိုယ်တိုင် အသေခံသလိုပေါ့ ” ဟု ပြည်နယ် ဒါရိုက်တာ အကြီးတန်း ကြီးကြပ်ရေးမှူး ကရမက် က ပြောလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုများသော နိုင်ငံဖြစ်ပြီး သမ္မတ ဒူတာတေးလက်ထက်တွင် မူးယစ်ဆေးဝါးအမှုကို ကြမ်းတမ်းစွာ ကိုင်တွယ်လျက်ရှိတယ်။ သမ္မတဒူတာတေး တက်သည့် အချိန်မှ စ၍ လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၄သောင်းကျော်ကို မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ချဖမ်းဆီးထားကြောင်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *