ဖိလစ်ပိုင်ကို ဝင်ရောက်နေသော မုန်တိုင်းကြောင့် လူတစ်ရာကျော်သေဆုံးခဲ့ရပါတယ်။

Tembin လို့ အမည်ပေးထားတဲ့ အပူပိုင်းလေမုန်တိုင်းကြီးဟာ ဖိလစ်ပိုင် တောင်ပိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ မင်ဒါနာအိုကျွန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့ သောကြာနေက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အစိုးရမှ အရေးအပေါ်အခြေနေအဖြစ် သတိပေးပြောကြားခဲ့ပါတယ်။

ယခုအချိန်အထိ အတည်ပြုနိုင်သမျှအသေအဆုံး စာရင်းမှာတော့ လူတစ်ရာကျော်ရှိနေပြီး လူတချို့မှာလည်း ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် အစိုးရပြောကြားချက်အရသိရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် မာရဝီမြို့ နှင့် မနီလာမြို့တို့မှာ ရေလွှမ်းမိုးမှု အကြီးအကျယ်ခံနေရပြီး တချို့သောရွာတွေမှာ မြေပြိုမှုများလည်းရှိသဖြင့် ရွာလုံးကျွတ် မြေကြီးအောက်သို့ ရောက်သွားရတဲ့ အထိဖြစ်နေပါတယ်။ မာရဝီမြို့ဟာ ဆိုရင် အစ္စလမ် စစ်သွေးကြွတွေရဲ့ လက်ထဲကလွတ်မြောက်လာတာ လပိုင်းပဲရှိသေးတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

စစ်ကြောင့် ချထားပေးတဲ့ ဒုက္ခသည်စခန်းကြီးလည်း မုန်တိုင်းနှင့်အတူ ပျက်စီးသွားသဖြင့်  ဒုက္ခသည်တွေကို အားကစားရုံကြီးတစ်ခုမှာ ပြန်လည်နေရာချထားပေးရတယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေကပြောပါတယ်။ မုန်တိုင်းဒဏ်ကို အဆိုးဆုံးခံလိုက်ရတာကတော့ တူဘောဒ့်နဲ့ ပီယာဂါပို မြို့တို့ဖြစ်ပြီး ၎င်းရှိ အိမ်ခြေတော်တော်များများဟာ ကျောက်တုံးတွေ မြေကြီးတွေ အောက်ကိုရောက်သွားခဲ့ရပါတယ်။

လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေပြီး လမ်းပန်းဆက်သွယ်ရေးလည်း ပျက်တောက်နေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နှောက်နှေးနေရပါတယ်။

မုန်တိုင်းဟာ မင်ဒါနာအိုကျွန်းကို တစ်နာရီ မိုင်၅၀နှုန်းနဲ့ တိုက်ခိုက်နေပြီး နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ပလာဝန်ကျွန်းဆီကို ဦးတည်နေပါတယ်။ နောက်၃ရက် အကြာမှာတော့ ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *