ဖိလစ်ပိုင်ရဲများက ခရီးဆောင်အိတ်ထဲမှာ တိပ်နဲ့ပတ်ထားတဲ့ ရှားပါးလိပ် ၁၅၀၀ကို ဖမ်းဆီးရမိ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၄ရက်နေ့၊ တနင်္လာနေ့၌ ရှားပါး လိပ်အရှင် ၁၅၀၀ကို တိပ်နဲ့ပတ်ပြီး ထည့်ထားတဲ့ ပိုင်ရှင်မဲ့ ခရီးဆောင်အိတ်များကို ဖိလစ်ပိုင်ရဲများက ဖမ်းမိခဲ့ပါတယ်။


အဆိုပါ လိပ်များကို ရောင်းမယ်ဆိုရင်ဖြင့် pesos ၄.၅သန်း (ဒေါ်လာ ၈၆၆၃၁) ထပ်မနည်းရမှာဖြစ်ပါတယ်။ အကယ်၍ အိတ်ပိုင်ရှင်ကို ဖမ်းမိပါက ဖိလစ်ပိုင်နိုင်ငံ တောရိုင်းတိရိစ္ဆာန် တရားမဝင်ကုန်သွယ်မှု ဥပဒေအရ ထောင်ဒဏ် (၂) နှစ် နှင့် ဒဏ်ငွေ pesos၂သိန်း  ကျသင့်မှာဖြစ်ပါတယ်။


ဖမ်းဆီးရမိထားတဲ့ လိပ်များဟာ Sulcata လို့ခေါ်တဲ့ ရှားပါးမျိုးစိတ်များ အပြင် IUCN မှ အနီရောင်အဆင့်အဖြစ် သတ် မှတ်ထားတဲ့ မျိုးစိတ်များလည်း ပါဝင်နေကြောင်း သိရပါတယ်။ လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံရှိ တောရိုင်း တိရိစ္ဆာန် ကုန်သွယ်မှု ထိန်းသိမ်းရေး အဖွဲ့အစည်းမှ အဆိုပါလိပ်များကို ထိန်းသိမ်းထားကြောင်းသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *