ဖိလစ်ပိုင်ရှိ မာယွန်းမီးတောင် ပေါက်ကွဲမှုသတိပေးချက်ကို အဆင့်၄ထိတိုးမြှင့်

ဖိလစ်ပိုင်နိုင်ငံ အယ်ပိုင်ပြည်နယ် မနီလာမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကျော်ရှိ မာယွန်းမီးတောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက်နေ့ထဲက စတင်အသက်ဝင် လှုပ်ရှားခဲ့ရာ ဇန်နဝါရီ ၂၂ရက်နေ့ မွန်းလွဲပိုင်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အမြင့်ပေ ၂၄၆၂ ပေရှိတဲ့ မာယွန်းမီးတောင်ပေါက်ကွဲမှုကြောင့် ပြာမှုန်များသည် အနီးနားရှိ စိုက်ပျိုးရေးရွာများစီသို့ ပျံ့လွင့်ခဲ့သဖြင့် လူပေါင်း ၂၂၀၀၀ လောက်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခံလိုက်ရပါတယ်။ မီးတောင်ပေါက်ကွဲမှု အဆင့်ကို အဆင့်၃မှ အဆင့်၄အထိ တိုးမြှင့်ပြီး သတိပေးချက်ထုတ်ထားရတယ်လို့ သိရှိရပါတယ်။ မီးတောင် ပတ်ဝန်းကျင် ၈ကီလိုမီတာအထိကို မီးတောင်သတိပေးချက်တွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

အယ်ပိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးက ယနေ့ ဇန်နဝါရီ ၂၃ရက်နေ့တွင် အယ်ပိုင်ပြည်နယ် တစ်ခုလုံးရှိ စာသင်ကျောင်းများကို ပိတ်ထားရန် ကြေငြာချက်ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *