ဖျားနာခြင်းမဖြစ်မီ ကနဦးလက္ခဏာများ

သာမန်ဖျားနာခြင်းလက္ခဏာတွေဖြစ်တဲ့ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းစတာတွေဖြစ်နိုင်သလို အဲတာတွေမဖြစ်ပဲ ဖျားသွားတဲ့လူတွေရှိပါတယ်။ ဒါကြောင့် အခြားဖျားနာတော့မယ့် လက္ခဏာတွေကို သိထားဖို့လိုပါတယ်။

ကိုက်ခဲနေလား?

သင့်အနေနဲ့ အနည်းငယ်ချမ်းပြီး ကိုယ်တွေလက်တွေနာသလို ခံစားနေရလား? ဒါဆိုရင်တော့ ဖျားချင်နေတာဖြစ်နိုင်ပါတယ်။ သင့်မှာအဖျားရှိနေရင်တော့ ကြွက်သားတွေနဲ့၊ အဆစ်အမြစ်တွေနာကျင်မှာ ဖြစ်သလို ခေါင်းကိုက်တာကိုလည်း ခံစားရမှာပါ။

ကိုယ်အပူချိန်များနေလား?

ဖျားနေပြီလို့ထင်ရင်တော့ ကိုယ်အပူချိန်တိုင်းလိုက်ပါ။ ကိုယ်အပူချိန်က ၉၉ နဲ့အထက်ရှိနေရင်တော့ ဖျားနေပါပြီ။

အေးစိမ့်စိမ့်ဖြစ်ပြီး ချွေးစီးတွေထွက်နေလား?

အေးစိမ့်စိမ့်ဖြစ်နေပြီး ချွေးစီးတွေထွက်နေတာက ဖျားနာခြင်းလက္ခဏာတစ်ခုပါ။ ကိုယ်တွေလက်တွေနာတာကြောင့်လည်း အေးစိမ့်စိမ့်ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က အေးစိမ့်စိမ့်ခံစားနေရပြီး ချွေးစီးတွေထွက်နေတာက အဖျားရှိနေတာကြောင့်ပါ။

အားနည်းပြီး မောပန်းသလိုခံစားနေရလား?

ဖျားနာနေပြီဆိုရင် ခန္ဓာကိုယ်က အားနည်းနေတတ်ပြီး ပိုမိုမောပန်းလွယ်လာပါလိမ့်မယ်။

ဝမ်းဗိုက်အခြေအနေ မကောင်းတော့ဘူးလား?

ဖျားနာပြီဆိုရင် ပျို့အန်ခြင်းတွေ၊ ဗိုက်နာခြင်းတွေကိုလည်း ခံစားရတတ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *