ဖြူးမြို့အနီးတွင် ပြင်အား၆ရှိတဲ့ ငလျင်လှုပ်ခတ်

ယနေ့ ဇန်နဝါရီလ ၁၂ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံ ဖြူးမြို့ အနောက်ဖက် ၁၇မိုင်အကွာကို ဗဟိုပြုပြီး ရစ်ခ်စတာ စကေး ပြင်းအား ၆ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်းကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန၏ ထုတ်ပြန်မှုအရသိရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် သေကြေပျက်စီးမှု ရှိမရှိကိုတော့ ထုတ်ပြန်ချက်မှ ဖော်ပြမထားသေးပါဘူး။ ထိုငလျင်လှုပ်ပြီး နောက် ဖြူးမြို့ အနောက်တောင်ဖက် ၂၅မိုင်အကွာတွင် ပြင်းအား ၅.၃ နှင့် ၄.၇ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၄ခု ဆက်လက် လှုပ်ခတ် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန၏ ထုန်ပြန်ချက်အရသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *