ဗာဂျင်နီးယားမှ အသက်၂၂နှစ်အရွယ်မိန်းကလေးတစ်ယောက်ဟာ ခွေးများကိုက်၍သေဆုံး

Bethany Lynn Stephens အမည်ရှိတဲ့မိန်းကလေးတစ်ယောက်ဟာ မိမိမွေးထားသောခွေးများပြန်ကိုက်၍သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ခွေးများမှာ pitbull ခွေးအမျိုးအစားဖြစ်ပြီး Stephens ကိုတစ်စစီဖြစ်အောင်ကိုက်ဖြတ်ခဲ့တယ်ဟုလည်းဆိုပါတယ်။

Stephens ကိုသူမ၏အဖေက အိမ်နှင့်မလှမ်းမကမ်းတောအုပ်အနီးတွင် သွေးအိုင်လျက်သေဆုံးနေပုံကိုတွေ့ရှိခဲ့ပါတယ်။ သူမ၏ခွေးနှစ်ကောင်အမည်မှာ Pac-Man နှင့် Tonka လို့အမည်ရပြီး၎င်းခွေးနှစ်ကောင်ကို ထိန်းကျောင်းရာမှာ အခက်အခဲများရှိခဲ့ကြောင်း သူမ၏အဖေကလည်း ပြောကြားခဲ့ပါတယ်။ ရဲအရာရှိ Jim Agnew ကလည်းသူအလုပ်လုပ်ခဲ့သော သက်တမ်းတစ်လျှောက်မှာ ယခုကဲ့သို့ဖြစ်စဉ် တစ်ခါမျှမကြုံခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။ မှုခင်းဆရာဝန်ကလည်း Stephens မသေဆုံးခင်က သူမမှာခွေးများ၏ရန်မှ မနည်းလွတ်အောင်ရုန်းကန်ခဲ့ရကြောင်း ခွေးနှစ်ကောင်လုံးမှာသူမ၏မျက်နှာကိုကိုက်ရန်ကြိုးစားခဲ့တယ်ဟုလည်း ပြောကြားခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီး၏ မှုခင်းမှတ်တမ်းအရ Stephens၏ကိုယ်ပေါ်တွင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမရှိကြောင်း နှင့်အခြားကိုယ်ထိလက်ရောက်စော်ကားမှု တစ်စုံတစ်ရာမျှမရှိခဲ့ကြောင်းလည်းဆိုပါတယ်။ ခွေးနှစ်ကောင်ကိုက်သည့် အကြောင်းအရင်းကိုသေချာမသိသေးသော်လည်း ခွေးတစ်ကောင်မှာ Stephens ကယ်ဆယ်ခဲ့သောခွေးဖြစ်သည်ဟုလည်းဆိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *