ဗိုက်အဆီကျစေမဲ့ အစားအစာများ

ဗိုက်ပူတယ်ဆိုတာ မိန်းကလေးတိုင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခုပါ။ ဗိုက်အဆီကျအောင် လေ့ကျင့်ခန်းလုပ်ဖို့အဆင်မပြေတဲ့ မိန်းကလေးတွေအတွက် ဗိုက်အဆီကျစေမယ့် အစားအသောက်တွေ ရှိနေတာကို သတင်းကောင်းပေးချင်ပါတယ်။ ဘယ်လိုအစားအစာတွေစားသုံးရင် ဗိုက်အဆီကျနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

Green Tea

Green Tea မှာ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အပြင် ဇီဝဖြစ်စဉ်ကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ Green Tea က ကယ်လိုရီမပါဝင်ပါဘူး။ ဗိုက်သားက အဆီပိုတွေကျသွားဖို့အတွက်လည်း ကူညီပေးပါတယ်။

ဥများ

ကြက်ဥမှာ ပရိုတင်းဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ကြွက်သားကြီးထွားမှုကို ကူညီပေးပါတယ်။ အဆီပါဝင်မှုလည်း နည်းပါးပါတယ်။ ကြက်ဥစားခြင်းကလည်း ဗိုက်ကအဆီတွေကို လျော့ကျစေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာပါဝင်တဲ့ သတ္ထုဓာတ်တွေက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ရောဂါများကို ကာကွယ်ပေးနိုင်တဲ့အပြင် ဝမ်းဗိုက်မှာအဆီတွေ တိုးလာမှာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

မြေပဲ

မြေပဲက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ လေ့လာချက်များအရ အဝလွန်သူတွေအနေနဲ့ မြေပဲလိုအစားအစာမျိုးတွေကို (၈) ပတ်တိတိစွဲမြဲစားသုံးသင့်ကြောင်း သိရပါတယ်။ မြေပဲကလည်း ဝမ်းဗိုက်မှာ အဆီစုဝေးမှုကို လျော့ကျစေတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *