ဗီယက်နမ်တို့ သွေး နထင်ရောက်မယ့်ကိန်း ဆိုက်ပြန်ပြီ

အာဆီယံနိုင်ငံတွေထဲမှာ ပထဝီဝင်နိုင်ငံရေးအရရော၊ သဘာဝသယံဇာတပေါများကြွယ်ဝမှုအရရော ထိပ်ဆုံးမှာရှိနေ တဲ့ မြန်မာနိုင်ငံမှာ တရုတ်နဲ့ ပတ်သက်ပြီးမြစ်ဆုံတို့၊ကျောက်ဖြူSEZ တို့လို ရှုတ်ထွေးလှတဲ့ ပြသနာတွေ၊ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် မသေချာမရေရာမှုတွေအပြင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက် ခက်ခဲလှတဲ့ အ ခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်တွေ၊ တိုင်းပြည်တိုးတက်ရေးထက် ပါတီစွဲ၊လူမျိုးစွဲတွေနဲ့ တိုင်းပြည်ကို နောက်ပြန်အရွေ့ တစ်ခုရွေ့ဖို့ကြိုးပမ်းမှုတွေ၊ဒီလို အရေးပေါင်းများစွာနဲ့ ရှုတ်ထွေးလို့ ကောင်းနေတုန်းမှာပဲ ဗီယက်နမ်ကတော့ အမေရိ ကန် သမ္မတတ ထရန့်နဲ့ ကင်တို့ ဒုတိယအကြိမ်တွေ့ဆုံဖို့အတွက် အိမ်ရှင်အဖြစ် ရွေးချယ်ခံရတာကြောင့် သွေးနထင် ရောက်မယ့်ကိန်းဆိုက်လာပြန်ပြီလို့ပြောရမလိုဖြစ်နေပါပြီ။

Photo:တိုးတက္လာတဲ႔ Vietnam/ABC News
ထရန့်နဲ့ ကင်တို့နှစ်ဦးရဲ့ ဒုတိယမြောက်ထိပ်သီးတွေ့ဆုံမှုကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပဖို့အတွက် အမေရိကန်သ္မတ ထရန့်က လွန်ခဲ့တဲ့ အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။ ကျင်းပမယ့် ရက်ကတော့ ယခုလလကုန်ရက် တွေဖြစ်တဲ့ ဖေဖေါ်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့ဖြစ်ပါတယ်။ တွေ့မယ်နေ့ရာကိုတော့ အတိအကျမပြောပေမယ့် Da Nang နဲ့ Hanoi တစ်နေနေရာ တော့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောခွင့်ရှိသူ Lê Thị Thu Hằng ကတော့ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေး ချမ်းရေးနဲ့ လုံခြုံရေးအတွက် ရည်ရွယ်ဆွေးနွေးကြမယ့်ဒီပွဲကို ကြိုဆိုပါကြောင်းနဲ့ ဒီပွဲအတွက် အင်နဲ့အားနဲ့ အထောက်အကူ ပေးသွားမယ်လို့ ဗုဒ္ဒဟူးနေ့က ပြောကြားလိုက်ပါတယ်။ ဗီယက်နမ်လူမျိုးတွေကတော့ ဒီပွဲအတွက် အိမ်ရှင်ဖြစ်ခွင့် ရတာ ကြောင့် ဝမ်းသာဂုဏ်ယူမဆုံးရှိနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးတိုးတက်ဖို့နဲ့ သူ့ရဲ့နိုင်ငံရေးစနစ်ကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ ယုံကြည်မှုကိုတည်ဆောက်နေချိန်မှာ ရလာတဲ့ သမိုင်းဝင် ဒီအခွင့်အရေးကတော့ ဗီယက်နမ် တွေ အတွက် ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။
မြန်မာအဖို့တော့ အရှုတ်အထွေးတွေပေါင်းစုံကြောင့် တိုင်းပြည်စီးပွားရေးထင်သလောက်တိုးတက်လာမှုမရှိသလို တိုင်း ရင်းသားလူမျိုး အချင်းချင်းအကြား၊စစ်တပ်နဲ့ ပြည်သူများအကြားယုံကြည်မှု တွေလည်းတိုးတက်လာတာ မျိုးမတွေ့ရပါဘူး။ ခေတ်အဆက်ဆက်အုပ်ချုပ်ရေးစနစ်ဆိုးတွေကြောင့် အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကို ခံခဲ့ရချိန်မှာ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ အနောက်ရဲ့ ပြိုင်ဖက်တွေဖြစ်ကြတဲ့ ရုရှားနဲ့ တရုတ်ကိုပဲ အားကိုးနေခဲ့ရ ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုတွေလည်း ပျက်ယွင်းခဲ့ရပါတယ်။ အတိတ်ရဲ့ အကျိုးဆက်ကြောင့်ရော၊ လက် ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့်ရော ယခုအချိန်ထိ အနောက်အုပ်စုနဲ့ ဆက်ဆံရေးကလည်း ကျ ဆင်း မြဲသာရှိနေတဲ့အတွက် ယခုအခါမှာ ကြိုးစားလုပ်ဆောင်နေတဲ့ နိုင်ငံဖွံ့ဖြိုးမှုအလုပ်တွေဟာ ဗီယက်နမ်လို အရှိန်အ ဟုန်နဲ့ တိုးတက်ကောင်းမွန်လာမှုမရှိပါဘူး။
ဒါဆိုရင်၊ အမေရိကန်သမ္မတအနေနဲ့ ဒီထိပ်သီးအတွက် ဗီယက်နမ်ကို ဘာကြောင့်ရွေးခဲ့တာလဲ။ဗီယက်နမ်ဆိုတာ အမေ ရိကန်အတွက် မြောက်ကိုရီးယားလိုပဲ ခါးသီးပြီး သွေးမြေကျခဲ့ရတဲ့ နေရာတစ်ခုပါပဲ။ဒါပေမဲ့ ဗီယက်နမ်နဲ့ မြောက်ကိုရီးယား မတူတာကတော့ ၁၉၆၅ ကနေ ၁၉၇၃အထိ ဗီယက်နမ်စစ်ပွဲမှာ တောင်ဘက်ကဝင်တိုက်ပြီး စစ်ရှုံးလို့ အရှက်ရခဲ့တဲ့ အမေရိကန်နဲ့ သူ့ဆက်ဆံရေးကို အခိုင်အမာထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကွန်မြူနစ်ဗီယက်နမ်ကလည်း ခေသူမဟုတ် လေတော့ ၁၉၈၆ ကစပြီး နိုင်ငံရေးနဲ့ စီးပွားရေးတွေမှာ ပြုပြင်ပြောင်လဲမှုတွေ အရှိန်အဟုန်နဲ့ စနိုင်ခဲ့တာ အခုထိ အောင်မြင်မှုတွေဆက်တိုက်ရလာခဲ့တဲ့နိုင်ငံပါ။ ကမ္ဘာ့အလယ်မှာ ယုံကြည်မှုတွေတိုးစေဖို့ ၂၀၁၀ခုနှစ် အထိနိုင်ငံ ပေါင်း ၁၇၈နိုင်ငံနဲ့ သံတမန်အရကူးလူးဆက်ဆံနိုင်ခဲ့တယ်။ခုနေခါအာဆီယံထဲမှာ စီးပွားရေးအရ အရှိန်အဟုန်နဲ့ တိုး တက်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

Photos:ABC News
ကဲ၊ မြောက်ကိုရီးယားအတွက်ကကော ဗီယက်နမ်က ဘာကြောင့် အိမ်ရှင်ဖြစ်ထိုက်တာလဲ။ဗီယက်နမ်ဟာ မြောက်ကိုရီး ယားလိုပဲ ကွန်မြူနစ်နိုင်ငံတစ်ခုဖြစ်သလို မြောက်ကိုရီးယားရဲ့ လက်တစ်ဆုတ်စာမိတ်ဆွေတွေထဲက ဆက်ဆံရေး အ ကောင်းဆုံး နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ခရီးအဝေးကြီးလေယာဉ်စီးရတာကိုမကြိုက်တဲ့ မြောက်ကိုရီးယား ခေါင်း ဆောင်ကင်အတွက် သွားလာမှု အဆင်ပြေတာကလည်း အချက်တစ်ခုဖြစ်မယ်ထင်ပါတယ်။ သမိုင်းအစဉ်အလာကို ပြန် ကြည့်ပြန်တော့ လက်ရှိ ကင်ရဲ့ အဖိုးဖြစ်တဲ့ Kim Il Sung လည်း ၁၉၅၈ခုနှစ်မှာ ဗီယက်နမ်ကို အလည်အပတ်လာ ရောက်ခဲ့ဖူးတာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီထိပ်သီတွေ့ဆုံပွဲကြောင့် ဗီယက်နမ် စီးပွားရေးအတွက် နိုင်ငံတကာရဲ့ယုံကြည်မှုနဲ့ ဆက်ဆံရေး အ ကျိုးအမြတ်တွေရစေမှာကတော့ မလွဲဧကန်ပါပဲ။ ဒါပေမဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးတို့ရဲ့ တွေ့ ဆုံမှုက ကိုရီးယားကျွန်းဆွယ်အပါအဝင် ကမ္ဘာကြီးအတွက် အကျိုးရလဒ်တစ်ခုကို ပေးစွမ်းနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.