ဗီယက်နမ်နိုင်ငံမှာ လည်ပတ်သင့်တဲ့ အကောင်းဆုံးနေရာ (၁၀) ခု

ဗီယက်နမ်နိုင်ငံကတော့ စိမ်းလန်းစိုပြေနေတဲ့ လှေကားထစ်စပါးစိုက်ခင်းတွေ၊ မျက်စိပသာဒဖြစ်စရာ သစ်တော၊တောင်တန်းတွေနဲ့ လှပတဲ့ကမ်းခြေတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကိုရောက်ရင် သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေရှိပါတယ်။ အဲ့ဒီနေရာတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Dalat

Dalat ကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ တစ်နှစ်ပတ်လုံး အေးမြတဲ့ရာသီဥတုနဲ့အတူ ကျေးလက်သဘာဝရှုခင်းတွေကို ခံစားရမှာပါ။ လှေကားထစ်ထင်းရှူးစိုက်ခင်းတွေ၊ ရောင်စုံပန်းခင်းတွေကလည်း နွေရာသီမှာဆို အလှပိုနေပါလိမ့်မယ်။ ဒါ့အပြင် ပြင်သစ် ကိုလိုနီခေတ်က ကျန်ရစ်ခဲ့တဲ့ ဗိသုကာလက်ရာတွေကိုလည်း တွေ့မြင်ခံစားရမှာပါ။

My Son

ဗီယက်နမ်နိုင်ငံရဲ့ အချက်အချာကျတဲ့ ကမ်းရိုးတန်းမှာတည်ရှိတဲ့ Duy Phú ရွာနားက ရှေးဟောင်းသုတနဆိုင်ရာနေရာကို My Son လို့ အသိများကြပါတယ်။ အဲ့ဒီနေရာက ဟိန္ဒူဘာသာရေးအထိမ်းအမှတ်ပွဲတော်တွေကို ကျင်းပရာနေရာလည်းဖြစ်ပါတယ်။

ဟိုချီမင်းမြို့

ဟိုချီမင်းမြို့က ဗီယက်နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကို ရောက်ခဲ့ရင် ဟိုချီမင်းမြို့ကလည်း သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ

ဗီယက်နမ်နိုင်ငံရဲ့ အရောင်အသွေးစုံလင်တဲ့ ရေပေါ်ဈေးကို တွေ့မြင်ခံစားကြည့်ချင်ရင်တော့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသကို လည်ပတ်သင့်ပါတယ်။

Nha Trang

Nha Trang ကတော့ အာရှမှာအလှပဆုံး ပင်လယ်ကွေ့ကမ်းရိုးတန်းမြို့တော်ဖြစ်ပါတယ်။ လှပတဲ့တောင်တန်းတွေ၊ ကမ်းခြေတွေနဲ့ ကျွန်းတွေက နိုင်ငံခြားခရီးသွားတွေအတွက် စွဲမက်စရာဖြစ်စေပါတယ်။

Sapa

ဗီယက်နမ်နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာတည်ရှိတဲ့ တောင်ပေါ်မြို့လေးဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့တောင်တန်းတွေ၊ သာယာလှပတဲ့ ရေတံခွန်တွေနဲ့ ပြည့်နှက်နေတဲ့ သဘာဝအလှတရားတွေကို ခံစားနိုင်မှာပါ။

Hue

Nguyen မင်းဆက်ရဲ့ မြို့တော် Hue မှာတော့ ဗိသုကာလက်ရာ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဟင်းပွဲတွေကို စိတ်ဝင်စားဖွယ် လေ့လာနိုင်မှာဖြစ်ပါတယ်။

Hoi An

Hoi An ကတော့ ရှေးကျပြီးလှပတဲ့ မြို့တော်ဖြစ်ပါတယ်။ ရှေးဟောင်းဗိသုကာလက်ရာများ၊ ရိုးရာသစ်သားအိမ်များနဲ့ ရိုးရာလက်ဆောင်ရောင်းချနေတဲ့ဆိုင်တွေကိုလည်း လေ့လာနိုင်ပါလိမ့်မယ်။

Hanoi

Hanoi မြို့ကတော့ ဗီယက်နမ်ရဲ့မြို့တော်ဖြစ်ပါတယ်။ Hanoi မြို့မှာတော့ အာရှိရဲ့ရှေးဟောင်းဗိသုကာလက်ရာတွေကို တွေ့မြင်နိုင်မယ့်အပြင် ပြင်သစ်ကိုလိုနီခေတ်က လက်ရာတွေကိုပါ ခံစားရနိုင်မှာပါ။

Ha Long Bay

 

Ha Long Bay ကတော့ သဘာဝလှိုဏ်ဂူတွေ၊ ရေကန်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းဖြစ်ပါတယ်။ ဘယ်နေရာမှာမှ မတွေ့မြင်နိုင်တဲ့ သဘာဝအလှတရားတွေကို ခံစားရစေမာ့် နေရာတစ်ခုဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *